ဘားအံ ဧပြီ ၂၃
ကရင်ပြည်နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ကရင်ပြည်နယ်အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံ ငွေကျပ် ၃၉၃ ဒသမ ၇၀ သန်းဖြင့် ဆောင်ရွက် ပြီးစီးသည့် ဘားအံမြို့နယ် သံလွင်အနောက်ခြမ်း လှာကာ- ဖားပု- ကျုံပိုက်- ခဲတောက်- မုက္ကဒိ လမ်းပေါ်ရှိ ပေ ၁ဝဝ သံကူကွန်ကရစ်တံတားသစ် ဖွင့်ပွဲကို ယမန်နေ့ နံနက်ပိုင်းက ကျုံပိုက်ကျေးရွာရှိ အဆိုပါတံတားတည်နေရာ၌ ကျင်းပသည်။
အဆိုပါတံတားသည် အကျယ်ပေ ၂၀၊ အရှည်ပေ ၁၀၀ ရှိ Bore Pile Foundation နှင့် သံကူကွန်ကရစ် တံတားအမျိုးအစားဖြစ်ပြီး သံလွင်မြစ်ကမ်းဘေးရှိ ကျေးရွာချင်းဆက်လမ်းပေါ်တွင် တည်ရှိသောကြောင့် ဆန်စပါး၊ ပဲအမျိုးမျိုးနှင့် ရာသီပေါ်သီးနှံများကို အချိန်တိုအတွင်း သွားလာရောင်းချနိုင်မည်ဖြစ်၍ ကုန်သွယ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကာ ကျေးရွာအုပ်စု သုံးအုပ်စုမှ ကျေးရွာ ၁၂ ရွာ ကို အကျိုးပြုစေမည်ဖြစ်သည်။
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် အဆိုပါလမ်းပေါ်၌ ဆောင်ရွက်ရန်ကျန်ရှိသည့် ပေ ၈၀ ကွန်ကရစ်တံတား တစ်စင်း၊ မုက္ကဒိ-မိကရင်လမ်းအား ၁၂ ပေ အကျယ် ကွန်ကရစ်လမ်းတစ်မိုင်နှင့် Box Culvert သုံးစင်း တို့ကို ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။
ကရင်ပြည်နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် တံတား ၄၂ စင်းကို အသစ်တည်ဆောက်နိုင်ခဲ့ပြီး ကွန်ကရစ်လမ်း ၂၀ မိုင် ၁ ဖာလုံ၊ ကတ္တရာလမ်း ၁၇ မိုင် ၅ ဖာလုံ၊ ကျောက်လမ်း ၆ မိုင် ၂ ဖာလုံ၊ မြေသားလမ်း ၁ မိုင် ၄ ဖာလုံနှင့် ဂဝံလမ်း သုညဒသမ ၃၆ ဖာလုံတို့ကို အဆင့်မြှင့်တင်ပေးနိုင်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်