ဝါးခယ်မ ၊ ဧပြီ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သည့် ဆီထွက်သီးနှံများ ရိတ်သိမ်းပြီး ဆီကြိတ်ခွဲခြင်းလုပ်ငန်းကို အူကျွန်း ကျေးရွာနှင့် ကြခတ်ကုန်းကျေးရွာများရှိ အခြေခံသမဝါယမအသင်းများ၏ တစ်ပိုင်တစ်နိုင် ဆီစက်များတွင် စတင်ကြိတ်ခွဲနေပြီဖြစ်သည်။ ကုန်ကြမ်းဝယ်ယူရန် လိုအပ်ပါက မြို့နယ် သမဝါယမအသင်းစုမှ ပံ့ပိုးပေးလျက်ရှိပြီး ဆီကြိတ်ခွဲရာတွင် အသင်းသားတောင်သူများမှ စိုက်ပျိုး ထားသည့်သီးနှံများအပြင် ဆီထွက်သီးနှံအများအပြား ထွက်ရှိရာဒေသများမှပါ ဝယ်ယူကြိတ်ခွဲ ဆောင်ရွက်လျက်ရှိသည်။
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးဆောင်ရွက်ခဲ့သည့် နေကြာသီးနှံ တစ်ဧက လျှင် ၂၅ တင်းခန့်နှင့် မြေပဲတစ်ဧကလျှင် တင်း ၄၀ ကျော်ထိ ထွက်ရှိခဲ့ပြီး၊ နေကြာသီးနှံ တစ်တင်းကြိတ်ခွဲလျှင် ဆီ ၃.၅ ပိဿာခန့်နှင့် မြေပဲသီးနှံ တစ်တင်းကြိတ်ခွဲလျှင် ဆီ ၂ ပိဿာကျော်ထွက်ရှိသည်။ နေကြာဆီ တစ်ပိဿာလျှင် ငွေကျပ် ၁၁၀၀၀ နှုန်းနှင့် မြေပဲဆီ တစ်ပိဿာလျှင် ငွေကျပ် ၁၃၀၀၀ နှုန်းဖြင့် အသင်းသားပြည်သူများသို့ လက်လီလက်ကား ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်