Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ


19 Apr,2023

နေပြည်တော်၊ ဧပြီ ၁၉

          အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက အဆိုပါ ဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ Zoom Meeting ဖြင့်ကျင်းပပြုလုပ်ရာ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဌာနခွဲများမှညွှန်ကြားရေးမှူးများ၊ ယွန်းပညာကောလိပ်၊ ဆောင်းဒါးရက်ကန်းနှင့်အသက်မွေးပညာသိပ္ပံမှ ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီး/ပြည်နယ်များမှ ညွှန်ကြားရေးမှူးများ၊ ခရိုင်မှူးများ၊ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းများမှ ကျောင်းအုပ်များ တက်ရောက်ကြပါသည်။

          အစည်းအဝေး၌ ညွှန်ကြားမှူးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ အစည်းအဝေး ကျင်းပပြုလုပ်ရခြင်းမှာ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်များကို အားလုံးသိရှိလိုက်နာ ဆောင်ရွက်နိုင်စေရန်အတွက် ခေါ်ယူခြင်းဖြစ်ပါကြောင်း၊  မိမိတို့၏ဝန်ကြီးဌာနရှိ ဦးစီးဌာန (၄)ခုသည် ရည်မှန်းချက်၊ မျှော်မှန်းချက်များ ကိုယ်စီဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျေးလက်နေပြည်သူများ ဝင်ငွေတိုးပွားရေးတို့အတွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနသည်လည်း ကျေးလက်နေပြည်သူများ ဝင်ငွေတိုးပွားစေရေးအတွက် အသက်မွေးဝမ်းကျောင်းသင်တန်းများ ပို့ချပေးလျက်ရှိပါကြောင်း၊ ယခု နောက်ပိုင်းတွင် အကြီးအကဲများ၏ လမ်းညွှန်ချက်များအရ သင်တန်းများပို့ချပေးခြင်းမှ လုပ်ငန်းများထူထောင်နိုင်သည်အထိ ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ မြေပြင်တွင် အမှန်တစ်ကယ် လုပ်ငန်းထူထောင်သူများ ပေါ်ထွန်းလာစေရေးအတွက် ဦးစားပေး ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ မိမိတို့ ဦးစီးဌာနအနေဖြင့် တိုင်းပြည်နှင့် ပြည်သူလူထုအတွက် အထောက်အကူဖြစ်အောင် ကြိုးပမ်းလုပ်ဆောင်ကြရမည်ဖြစ်ပါကြောင်း၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှစတင်၍ ဆောင်ရွက်မည့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် မိသားစုဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်းများကိုလည်း အောင်မြင်အောင် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း စသည်ဖြင့် ပြောကြားပါသည်။

          ဆက်လက်၍ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်မည့် လုပ်ငန်းများနှင့် စပ်လျဉ်း၍ ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံ)နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်(နည်းပညာ)တို့က တင်ပြဆွေးနွေးကြပြီး ဌာနခွဲများရှိ ညွှန်ကြားရေးမှူးများက ဌာနခွဲအလိုက် ဆောင်ရွက်မည့်လုပ်ငန်းများနှင့် စပ်လျဉ်း၍ Power Point များဖြင့် ရှင်းလင်းတင်ပြဆွေးနွေးကြပါသည်။

          ထို့နောက် ယွန်းပညာကောလိပ်၊ ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံမှ ကျောင်းအုပ်ကြီးများနှင့် တိုင်းဒေသကြီး/ပြည်နယ်များမှ ညွှန်ကြားရေးမှူးများက အသီးသီး ရှင်းလင်းတင်ပြဆွေး နွေးကြပြီး လိုအပ်သည်များကို ညွှန်ကြားရေးမှူးချုပ်က ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm