Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးမြင့်စိုး လယ်ဝေးမြို့နယ်အတွင်း သမဝါယမစနစ်ဖြင့် မိုးစပါးများ စိုက်ပျိုးနိုင်ရေး ကွင်းဆင်းဆောင်ရွက်


06 Apr,2023

နေပြည်တော် ဧပြီ ၆

          သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းက နေပြည်တော် ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်၊ မဒေါ့ပင်ကျေးရွာအုပ်စု၊ အောင်ကြီးကုန်းကျေးရွာ၌ ဒေသခံ ပြည်သူများ၊ အောင်ကြီးကုန်း စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမ အသင်းသားများနှင့် တွေ့ဆုံ၍ ဒုတိယဝန်ကြီးက စိုက်ပျိုးရေးသမဝါယမအသင်းများ ဖွဲ့စည်း၍ မိုးစပါး စိုက်ပျိုးနိုင်ရေး၊ ပန်းတိုင် အထွက်နှုန်းတိုးရေးနှင့် ကြွေးမြီကင်းစင်သော မိသားစုဘဝများ ပိုင်ဆိုင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်ရေး၊ စိုက်ပျိုးရာတွင်လည်း ကြဲပက်စနစ်အသုံးမပြုဘဲ အစေ့ချစိုက်နည်းစနစ်၊ ပျိုးထောင် စိုက်နည်းစနစ်တို့ဖြင့် စိုက်ပျိုရေးနှင့် အထွက်တိုးမျိုးစပါးများ အသုံးပြုစိုက်ပျိုးရေး ဆွေးနွေး မှာကြားသည်။

          ဆက်လက်ပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်များက ဦးစီးဌာနအလိုက် အကောင်အထည်ဖော် ဆောင်ရွက်ပေးနေသည့် လုပ်ငန်းများအား ရှင်းလင်းဆွေးနွေးပြောကြားပြီး  ဒေသဖွံ့ဖြိုးရေးလုပ်ငန်း လိုအပ်ချက်များ တင်ပြမှုအပေါ် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

          ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော် အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန၌ ကျင်းပပြုလုပ်သော အခြေခံစက်ချုပ် နည်းပညာသင်တန်းဆင်းပွဲ အခမ်းအနားသို့ တက်ရောက်ပြီး ဒုတိယဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအနေဖြင့်လည်း တစ်ဦးချင်းဝင်ငွေ  တိုးရေး၊ မိသားစုအလိုက် လူမှုစီးပွားဘဝ မြင့်မားရေး၊ အလုပ်အကိုင်အခွင့်အလမ်း ပေါများရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်ပေးနေကြောင်း၊ မိမိတို့ သင်ယူတတ်မြောက်ထားသော ပညာရပ်များဖြင့် မိမိတို့ရပ်ရွာအကျိုး၊ မိသားစုအကျိုးအတွက် တတ်စွမ်းသမျှ ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း မှာကြားသည်။

          ဆက်လက်ပြီး နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက သင်တန်းဆင်းပွဲ အမှာစကား ပြောကြားသည်။

          ထို့နောက် ဒုတိယဝန်ကြီး ဦးမြင့်စိုးက ထူးချွန်သင်တန်းသူ (၃) ဦးအား အပ်ချုပ်စက်များ ပေးအပ်ချီးမြှင့်ခဲ့ပြီး နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့သည်။ ဆက်လက်၍ သင်တန်းသူ (၂၀) ဦးကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူတင် စကား ပြန်လည်ပြောကြားခဲ့သည်။

          ဆက်လက်ပြီး ဒုတိယဝန်ကြီးနှင့် နေပြည်တော်ကောင်စီဝင်တို့သည် သင်တန်းသူများအား ရင်းရင်းနှီးနှီး အားပေးနှုတ်ဆက်ခဲ့ပြီး သင်တန်းသူများ ချုပ်လုပ်ထားသည့် သင်တန်းဆင်းလက်ရာ များအား ကြည့်ရှုအားပေးခဲ့သည်။

          ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံးတွင် ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ဝန်ထမ်းများနှင့်တွေ့ဆုံကာ ဝန်ကြီးဌာန၏ မူဝါဒ၊ ရည်းမှန်းချက်၊ ရည်ရွယ်ချက်များ အောင်မြင်ရေး ပူးပေါင်းဆောင်ရွက်ကြရန်၊ ဌာနတွင်း စည်းလုံးညီညွတ်မှုကို တည်ဆောက်၍ မိသားစုစိတ်ဓာတ်ဖြင့် ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြား ကာ ဝန်ထမ်းများ၏ လိုအပ်ချက်များ တင်ပြမှုအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိပါသည်။ 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm