ပွင့်ဖြူ၊ ဧပြီ ၅
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ဖူးပွင့်မျိုးသန့်စိုက်ပျိုးရေးနှင့်အထွေထွေလုပ်ငန်း သမဝါယမအသင်းက မုန်းမြင့်ကျေးရွာအုပ်စု၊ သမော်အင်းကျေးရွာတွင် ကန်ထရိုက်လယ်ယာစနစ် ဖြင့် ၈၀၁ ဧကနှင့် သရက်အုပ်ကျေးရွာအုပ်စု၊ စံပြကျေးရွာတွင် အသင်းသားပိုင်စိုက်ဧက ၂၀၀၊ စုစုပေါင်းစပါးစိုက်ဧက ၁၀၀၁ ဧကပေါ်တွင် ပခန်းရွှေဝါ၊ GW-11၊ ရက် ၁၀၀ နှင့် ဆာဖိုးသာစပါးများ စိုက်ပျိုးလျက်ရှိသည်။ အဆိုပါ နွေစပါးများ စိုက်ပျိုးရာတွင် လိုအပ်သောမျိုး၊ သွင်းအားစုနှင့် နည်းပညာများကိုလည်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ မတည်ထောက်ပံ့ငွေမှ ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်