Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်နေသူများနှင့်တွေ့ဆုံဆွေးနွေး


04 May,2022

နေပြည်တော် မေ ၄

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနသည် ပြည်ထောင်စုနယ်မြေနေပြည်တော်အတွင်း စံပြကျေးရွာအဖြစ် အကောင်ထည်ဖော်ဆောင်ရွက်လျက်ရှိသည့် လယ်ဝေးမြို့နယ်၊ သော်မှော်ကုန်းကျေးရွာတွင် ဖွင့်လှစ်ခဲ့သည့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းမှ သင်တန်းဆင်း(၆)ဦးတို့သည် သင်တန်းမှ သင်ကြားပေးခဲ့သည့် နည်းပညာများကို အသုံးပြု၍ ပန်းကန်ဆေးဆပ်ပြာ၊ အဝတ်လျှော်ဆပ်ပြာ၊ ခေါင်းလျှော်ရည်နှင့် ဘတ်စုံသုံးဆပ်ပြာဆီများကို လုပ်ငန်းစဥ်ဆက်မပြတ် ဆက်လက်လုပ်ကိုင် ထူထောင်နိုင်ရန်အတွက် (၁-၄-၂၀၂၂) ရက်နေ့တွင် လိုအပ်သည့် ကုန်ကြမ်းပစ္စည်းများအား ထောက်ပံ့ပေးခဲ့‌ပြီးဖြစ်ပါသည်။

ယနေ့နံနက်တွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ရီရီလှိုင် ဦးဆောင်သော တာဝန်ရှိသူများ၊ နေပြည်တော်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူတို့သည် အဆိုပါကျေးရွာရှိ အုပ်ချုပ်ရေးမှူးနှင့် ကိုယ်ပိုင်လုပ်ငန်းထူထောင်လုပ်ကိုင်နေသော လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ ကုန်ကြမ်းပစ္စည်းထောက်ပံ့ပေးထားမှုအပေါ် ‌လုပ်ငန်းလည်ပတ်နေမှုအခြေအနေနှင့် လုပ်ငန်းများစဉ်ဆက်မပြတ် ဆောင်ရွက်နိုင်‌ရေး ဌာနမှဆက်လက်ပံ့ပိုးရန်လိုအပ်မှုအခြေအနေတို့အား တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm