မုဒုံ၊ ဧပြီ ၂
မွန်ပြည်နယ် မုဒုံမြို့နယ် မြတ်ပညာငွေစုငွေချေးသမဝါယမအသင်းလီမီတက်မှ အသင်းသားများ အား စုဆောင်းငွေအပေါ်အတိုးများပေးအပ်ခြင်းကို မတ်လ ၃၁ ရက်နေ့မှစတင်ကာ ထုတ်ပေးလျက်ရှိသည်။ ထိုသို့ဆောင်ရွက်ရာတွင် အသင်းဥက္ကဋ္ဌဦးသန်းတင်က သမဝါယမဆိုင်ရာလုပ်ငန်းစဉ်များ၊ စုဆောင်းငွေများ ဆက်လက်စုဆောင်းကြစေရေး၊ စုဆောင်းတက်သည့်အလေ့အကျင့်ကောင်းများမှ ရရှိနိုင်မည့်အကျိုးများနှင့် စပ်လျဉ်း၍ အသေးစိတ်ကိုအသင်းသား/သူများအား ရှင်းလင်းပြောကြားသည်။ ထို့နောက် အုပ်စုမှူးများမှ တစ်ဆင့် အသင်းဥက္ကဋ္ဌနှင့် အတွင်းရေးမှူးဦးမင်းသောင်းဟန်နှင့် အဖွဲ့ဝင်များက ၂၀၂၂ -၂၀၂၃ ဘဏ္ဍာရေး နှစ်အတွက် အသင်းသား/သူ စုစုပေါင်း ၂၂၃၄ ဦး၏ စုဆောင်းငွေအပေါ်အတိုး ၁၇၁၄၂၇၅၅၇ ကျပ်အား ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
သားငယ် (ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်