Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ နှစ်ပတ်လည်နေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲ ဆုပေးပွဲကျင်းပ


30 Mar,2023

နေပြည်တော်၊ မတ် ၃၀

          သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ (၄၇)နှစ်မြောက်နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အနေဖြင့် အားကစားပြိုင်ပွဲ ဆုပေးပွဲကို ယနေ့ မွန်းလွဲပိုင်းက အဆိုပါ ဦးစီးဌာရှိ Incubation Centre ၌ ကျင်းပပြုလုပ်ရာ ဆုပေးပွဲသို့ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် ဝန်ထမ်းများ တက်ရောက်ကြပါသည်။

          ဆုပေးပွဲအခမ်းနား၌ ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံ)က အမှာစကားပြောကြားရာတွင် ဌာန၏နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို ဝန်ထမ်းများအနေဖြင့် ဘောလီဘော(အမျိုး သား) ၃၀ ဦး၊ ဘောလီဘော (အမျိုးသမီး) ၃၀ ဦး၊ ပိုက်ကျော်ခြင်း ၂၀ ဦး၊ စားပွဲတင်တင်းနစ်(အမျိုးသား) ၁၄ ဦး၊ စားပွဲတင်တင်းနစ် (အမျိုးသမီး) ၁၄ ဦးတို့ စာရင်းပေးသွင်းကြပြီး အားကစားသမားစုစုပေါင်း ၇၆ ဦး ပါဝင်ယှဉ်ပြိုင်ကစားကြသည်ကို တွေ့ရှိရသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ ဝန်ထမ်းများ လုပ်ငန်းခွင်တွင် ကျမ်းမာပျော်ရွှင်စွာ တာဝန်ထမ်းဆောင်နိုင်ရေးအတွက် အားကစားလှုပ်ရှားမှုများကို မလွဲမသွေဆောင်ရွက်သင့်သည်ဖြစ်၍ နိုင်ငံတော်အနေဖြင့် ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများ နှစ်စဉ်ကျင်းပပေးနေသည်ကို တွေ့ရရှိရမည်ဖြစ်ပါကြောင်း၊ မိမိတို့ဦးစီးဌာနသည်လည်း ဝန်ကြီးဌာန၏ လမ်းညွှန်ချက်အရ အားကစားနည်းတစ်မျိုးမျိုးကို နှစ်စဉ်တာဝန်ယူယှဉ်ပြိုင်လျက်ရှိပါကြောင်း၊ ယခုနှစ်တွင် အခြေခံနှစ်အဖြစ် ပါဝင်ယှဉ်ပြိုင်ကြသူများနှင့် အကြောင်းအမျိုးမျိုးကြောင့် ပါဝင်ယှဉ်ပြိုင်နိုင်ခြင်းမရှိသူများအားလုံး နောင်နှစ်များတွင် ယခုထက် ပိုမိုစုံညီစွာပါဝင်ယှဉ်ပြိုင်ကြပြီး ဌာန၏ နှစ်ပတ်လည်နေ့ကို ဂုဏ်ယူပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြရန် လိုပါကြောင်း တိုက်တွန်းပြောကြားခဲ့ပါသည်။

    ထို့နောက် အားကစားပြိုင်ပွဲအလိုက် ဆုများချီးမြှင့်ရာတွင် ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံ)က ဘောလီဘော(အမျိုးသား) ပြိုင်ပွဲတွင် ပထမနှင့် ဒုတိယဆုရရှိသည့် အသင်းများကိုလည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(နည်းပညာ)က ဘောလီဘော(အမျိုးသမီး) ပြိုင်ပွဲတွင် ပထမနှင့် ဒုတိယဆုရရှိသည့် အသင်းများကို လည်းကောင်း ဆုများ အသီးသီးပေးအပ်ချီးမြှင့်ပြီး ဌာနခွဲများမှ ညွှန်ကြားရေးမှူးများက အားကစားအမျိုးအစားအလိုက် ဆုရရှိသည့် အသင်များကို ဆုများပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm