Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ နှစ်ပတ်လည်နေ့အထိမ်းအမှတ် ဆွမ်းနှင့်လှူဖွယ်ပစ္စည်းများဆပ်ကပ်လှူဒါန်း


30 Mar,2023

နေပြည်တော်၊ မတ် ၃၀

          သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ (၄၇)နှစ်မြောက်နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အနေဖြင့် သံဃာတော်ဆရာတော်များအား ပင့်ဆောင်၍ ဆွမ်းဆပ်ကပ်လှူဒါန်းပွဲကို ယနေ့ နံနက်ပိုင်းက အဆိုပါ ဦးစီးဌာရှိ Incubation Centre ၌ ကျင်းပပြုလုပ်ပါသည်။

          ဆွမ်းဆပ်ကပ်လှူဒါန်းပွဲသို့ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပါသည်။

          ထို့နောက် တက်ရောက်လာကြသူများက ငါးပါးသီလခံယူကြပြီး သီရိဂန္ဓမာသပြေအေး မိုးကုတ်ဝိပဿနာကျောင်းတိုက်ဆရာတော်က တရားရေအေးတိုက်ကျွေးပါသည်။ ဆက်လက်၍ သံဃာတော် ဆရာတော်များအား ဆွမ်းနှင့်လှူဖွယ်ပစ္စည်းများဆပ်ကပ်လှူဒါန်းခဲ့ကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချအမျှပေးဝေခဲ့ကြကြောင်း သတင်းရရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm