မော်လမြိုင်၊ မတ် ၃၀
မွန်ပြည်နယ်အတွင်း သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သမဝါယမအသင်း များတွင် ငွေကြေးစုဆောင်းခြင်းနှင့်စပ်လျဉ်း၍ စုဆောင်းငွေအားပေးမြှင့်တင်ရေးစည်းရုံးလှုံ့ဆော်ခြင်း သင်တန်းကို မွန်ပြည်နယ်သမဝါယမဦးစီးဌာန၌ ဖွင့်လှစ်ပို့ချခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် မွန်ပြည်နယ်သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးဒေါ်ခင်မာအေးက ဖွင့်လှစ်အမှာစကားပြောကြားခဲ့ပြီး သင်တန်းနည်းပြအဖြစ် မွန်ပြည်နယ်သမဝါယမဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးဦးသန်းနိုင်နှင့် လက်ထောက်ညွှန်ကြားရေးမှူးဒေါ်ဝေဝေလွင်တို့က လက်ရှိသမဝါယမ လုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေများနှင့် သမဝါယမအသင်းများတွင် ငွေကြေးစုဆောင်းခြင်းနှင့် စပ်လျဉ်း၍ စုဆောင်းငွေအားပေးမြှင့်တင်ရေးဆိုင်ရာ လုပ်ငန်းများအကြောင်းကို ရှင်းလင်းပို့ချသည်။
အဆိုပါသင်တန်းကို မွန်ပြည်နယ်သမဝါယမဦးစီးဌာန၌ မတ်လ ၂၀ ရက်မှ ၂၂ ရက်နေ့ထိ ၃ ရက် ကြာ ဖွင့်လှစ်ပို့ချခဲ့ပြီး မွန်ပြည်နယ်အတွင်းရှိ သမဝါယမဦးစီးဌာနအဆင့်ဆင့်မှ ဝန်ထမ်း ၄၀ ဦး တက် ရောက်ခဲ့ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်