Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဥတ္တရသီရိမြို့နယ် ​ရေရရှိ​ရေးလုပ်ငန်းများအား ကွင်းဆင်းစစ်​ဆေး


30 Mar,2023

 

ပြည်​ထောင်စုနယ်​မြေ၊ ​နေပြည်​တော်၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ် ​ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်​ရေးဦးစီးဌာနအ​နေဖြင့် ​ကျေးလက်​နေပြည်သူများ သန့်ရှင်း​သော​သောက်သုံး​ရေရရှိသုံးစွဲနိုင်​ရေးအတွက် ​ကျေးလက်​ရေရရှိ​ရေးလုပ်ငန်းများအ​ကောင်အထည်​ဖော်​ဆောင်ရွက်လျက်ရှိရာ ၂၀၂၂-၂၀၂၃ခု၊ ဘဏ္ဍာ​ရေးမှစ်တွင် K.Z.H Engineering & Trading ကုမ္ပဏီမှ တာဝန်ယူ​ဆောင်ရွက်​သော နိုင်ငံ​တော်​ထောက်ပံ့ရန်ပုံ​ငွေကျပ်(၂.၃၇၄)သန်းဖြင့် အိမ်​ထောင်စု (၁၅၄)စု၊ လူဦး​ရေ(၇၂၃)ဦးအား အကျိုးပြု​စေမည့် ဇ​လောင်း(မ)​ကျေးရွာ (၄")စက်​ရေတွင်း​ဟောင်းအား တွင်းမှုတ်၊ တွင်း​ဆေးပြုလုပ်ခြင်းလုပ်ငန်း၊ Pump အသစ်လဲလှယ်တပ်ဆင်ခြင်းလုပ်ငန်းနှင့် ​နေပြည်​တော်​ကောင်စီရန်ပုံ​ငွေကျပ်(၂၇.၆၆)သန်းဖြင့် အိမ်​ထောင်စု (၁၇၀)စု၊ လူဦး​ရေ (၆၇၁)ဦးအား အကျိုးပြု​စေမည့် ရွာသာ​ကျေးရွာ တွင်းအကျယ်(၄")၊ အနက် (၄၀၀)​​ပေရှိ စက်​ရေတွင်းတူး​ဖော်ခြင်းလုပ်ငန်း၊ ဂါလံ(၂၄၀၀)ဆံ့ စင်မြင့်​ရေစင်တည်​ဆောက်ခြင်းလုပ်ငန်းနှင့် ဆက်စပ်လုပ်ငန်းများ ​ဆောင်ရွက်ပြီးစီးမှုအ​ခြေအ​နေများအား ပြည်​ထောင်စုနယ်​မြေ၊ ​နေပြည်​တော် ​ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်​ရေးဦးစီးဌာမှ ဦးတင်​မောင်​အေး၊ ဒုတိယညွှန်ကြား​ရေးမှူး(နည်း)နှင့် တာဝန်ရှိဝန်ထမ်းများ၊ ခရိုင်ဦးစီးမှူး၊ ဦးစိုးလင်းနှင့် တာဝန်ရှိဝန်ထမ်းများနှင့် မြို့နယ်ဦးစီးမှူး၊ ​ဒေါ်ဇာခြည်မွန်နှင့် တာဝန်ခံဝန်ထမ်းများမှ ကွင်းဆင်းစစ်​ဆေးခဲ့ပါသည်။ ထိုသို့ကွင်း​ဆင်းစစ်​ဆေးရာတွင် ဒုတိယညွှန်ကြား​ရေးမှူး(နည်း)၊ ဦးတင်​မောင်​အေးမှ ​ဆောင်ရွက်ပြီး​သောစက်​ရေတွင်းများအား အကျိုးရှိစွာအသုံပြုသွားရန်နှင့် ​ရေရှည်တည်တံ့ခိုင်မြဲ​အောင် ဝိုင်းဝန်းထိန်းသိမ်းကြရန်မှာကြားခဲ့ပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm