မြို့သစ်မြို့နယ် ညောင်ပင်ဝိုင်းကျေးရွာ၌ စက်ရေတွင်းတူးဖော်နိုင်ရေး မြေအောက်ရေတိုင်းတာမှုများပြုလုပ်
မြို့သစ် မတ် ၂၉
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ရေပြည့် ကျေးရွာအုပ်စု၊ ညောင်ပင်ဝိုင်းကျေးရွာ၌ စက်ရေတွင်းတူးဖော်နိုင်ရေးအတွက် မြေအောက်ရေအောင်းလွှာ တည်ရှိနိုင်မည့်နေရာအား သိရှိနိုင်ရေး မြေအောက်ရေ တိုင်းတာမှု (Geo Physical Survey) တိုင်းတာခြင်း ယနေ့ နံနက် ၉ နာရီအချိန်က အဆိုပါ ကျေးရွာ၌ တိုင်းတာပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ မြေအောက်ရေတိုင်းတာမှုများပြုလုပ်ရာတွင် မကွေးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အငယ်တန်းအင်ဂျင်နီယာ-၂ ဦးထွန်းထွန်းနှင့် တာဝန်ခံဝန်ထမ်းများက ကျေးရွာရေကော်မတီဝင်များနှင့်အတူ ညောင်ပင်ဝိုင်းကျေးရွာ၌ စက်ရေတွင်းတူးဖော်နိုင်ရေးအတွက် မြေအောက်ရေအောင်းလွှာတည်ရှိနိုင်မည့် နေရာအား သိရှိနိုင်ရေး မြေအောက်ရေတိုင်းတာမှု (Geo Physical Survey) တိုင်းတာမှုများပြုလုပ်ကြပါသည်။
အဆိုပါ ညောင်ပင်ဝိုင်းကျေးရွာ သန့်ရှင်းသောသောက်သုံးရေဖူလုံစွာရရှိရေးအတွက် ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေး နှစ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေဖြင့် တွင်းနက်စက်ရေတွင်း တူးဖော်ပေးရန် လျာထားခြင်းကြောင့် တိုင်းတာရခြင်းဖြစ်ကြောင်း မြို့သစ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ဆွေမြင့်က ပြောပြ၍ သိရသည်။
အဆိုပါ ကျေးရွာတွင် စက်ရေတွင်းတူးဖော်ဆောင်ရွက်နိုင်ပါက ကျေးရွာရှိ အိမ်ခြေ ၃၂၇ အိမ်၊ လူဦးရေ ၄၅၀ ဦးနှင့် ကျွဲ နွားတိရစ္ဆာန်တို့အတွက် သောက်သုံးရေ အခက်အခဲများ အဆင်ပြေနိုင်မှာဖြစ်ကြောင်း သိရသည်။
သန်းလွင်(မကွေး)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်