Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း လုပ်ငန်းဆောင်ရွက်မှု အခြေအနေများရှင်းလင်းတင်ပြခြင်းအခမ်းအနား


29 Mar,2023

မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း လုပ်ငန်းဆောင်ရွက်မှု အခြေအနေများရှင်းလင်းတင်ပြခြင်းအခမ်းအနား

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကယားပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP)လုပ်ငန်းဆောင်ရွက်မှု အခြေအနေများရှင်းလင်းတင်ပြခြင်းအခမ်းအနားအား ပြည်နယ်လမ်းဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ပြည်နယ်အစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး မောင်မောင်ဦး မှအဖွင့်အမှာစကားပြောကြားခြင်း၊ ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးစောဒီးဒီမှ စီမံကိန်းနှင့်ပတ်သက်သည့် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား Power Point ဖြင့် ရှင်းလင်းတင်ပြခြင်း၊ တက်ရောက်လာသော ကော်မတီဝင်များမှ အကြံပြုဆွေးနွေးခြင်းများပြုလုပ်ခဲ့ပါသည်။ အခမ်းအနားအား နေ့လည်(၁၂:၀၀) နာရီအချိန်တွင် အောင်မြင်စွာပြီးမြောက်ခဲ့ပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm