Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ရေကြည်မြို့နယ်၌ ကွန်ကရစ်လမ်းသစ် ဖွင့်လှစ်


29 Mar,2023

ရေကြည် မတ် ၂၈

          ဧရာဝတီ တိုင်းဒေသကြီး ရေကြည်မြို့နယ် ညောင်ငူအုပ်စုတွင် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ယမန်နေ့ ညနေ ၃ နာရီခွဲက ကျင်းပသည်။

        ဖွင့်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး တင်ဇော်ထွန်း၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြား ရေးမှူး ဦးမင်းသိန်းတို့က ဖဲကြိုး ဖြတ်ဖွင့်လှစ်ပြီး ကွန်ကရစ် လမ်းသစ်အား ကြည့်ရှုစစ်ဆေးကြသည်။

        အဆိုပါ လမ်းသည် ၂၀၂၂-၂၀၂၃ တိုင်းဒေသကြီးဘဏ္ဍာနှစ်(ငွေလုံးငွေရင်း) ရန်ပုံငွေကျပ် ၂၉၄ ဒသမ ၀၆၀ သန်းဖြင့် လမ်းအရှည်(၀/၆ ဒသမ ၀၆)မိုင် အကျယ် ၁၂ပေကို ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်ပြီး ပုသိမ် - မုံရွာလမ်းမကြီးနှင့် ညောင်ငူကျေးရွာအုပ်စုရှိ အညာ တန်း - ရုပ်သေးကုန်း - ညောင်ငူ ကျေးရွာများ ဆက်သွယ်သော လမ်းဖြစ်သည့်အတွက် ကျေးရွာငါးရွာမှ အိမ်ခြေ ၃၄၃ အိမ်ရှိ လူဦးရေ ၁၂၉၂ ဦးတို့၏ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုစီးပွားဘဝ များကို အကျိုးပြုမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm