Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

(၇၈) နှစ်မြောက် တပ်မတော်နေ့ဂုဏ်ပြုသောအားဖြင့် မြေပုံမြို့နယ် ကျောက်မော်ကြီးကျေးရွာနှင့် ထူးချေ ကျေးရွာ အရှည် ၂၈၇၅ ပေရှိ ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ ကျင်းပ


28 Mar,2023

မြေပုံ မတ် ၂၆ 

                 (၇၈) နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် မြောက်ဦးခရိုင် မြေပုံမြို့နယ်၌ ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်ပြီးစီးခဲ့သော အရှည် ၂၈၇၅ ပေရှိ ကျောက်မော်ကြီးကျေးရွာနှင့်ထူးချေကျေးရွာတို့ကို ဆက်သွယ်ထားသော ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းသစ် ဖွင့်ပွဲကို ယမန်နေ့က ကျင်းပသည်။

                 အခမ်းအနားကို ရခိုင်မင်္ဂလာစည်တော်တီးခတ်၍ ဖွင့်လှစ်ပြီး မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခိုင်လင်းနိုင်က အမှာစကားပြောကြားကာ ကွန်ကရစ်လမ်းသစ်ကို နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးကြီးမျိုးညွန့်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုးဝင်းထွန်းတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး တာဝန်ရှိသူများက လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

       ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းသည် အရှည် ၂၈၇၅ ပေ၊ အကျယ် ၁၂ ပေနှင့် အမြင့်ခုနစ်လက်မရှိ ပြည်ထောင်စု ငွေလုံးငွေရင်းရန်ပုံငွေ ကျပ်သန်း၂၂၀ ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးပြီဖြစ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း နောက်ထပ်မြေပုံမြို့နယ်၌ ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ ၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စု/ပြည်နယ်ခွင့်ပြုရန်ပုံငွေကျပ် ၁၇၃၃ ဒသမ ၄၁၃ သန်းဖြင့် လုပ်ငန်းကြီး ၁၁ ခုကိုလည်း အကောင်အထည်ဖော်ဆောင်ရွက် ပြီးစီးပြီဖြစ်ကြောင်း ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm