Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မင်းပြားမြို့၌ (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် ကျေးရွာချင်းဆက်လမ်းဖွင့်


27 Mar,2023

မင်းပြား မတ် ၂၆

     (၇၈) နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် မင်းပြားမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနက ဆောင်ရွက်သော ကင်းဆိပ်-ခြိတ်တောင် ကျေးရွာချင်းဆက်လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို မတ် ၂၅ ရက်က အဆိုပါမုခ်ဦး၌ ကျင်းပသည်။

       ဦးစွာ မြောက်ဦးခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးခင်မောင်ဦး က လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းပြောကြားပြီး မင်းပြားမြို့နယ် ဒေသခံပြည်သူ ဦးစိုးမင်းက ကွန်ကရစ်လမ်းသစ် ဆောင်ရွက်ပေးမှုအပေါ် ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ ကွန်ကရစ်လမ်းဖွင့်ပွဲ အထိမ်းအမှတ်အလံများကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးစိုးမိုးက လက်ခံပြီး ခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ) က ပေးအပ်သည်။

       ဆက်လက်ပြီး နယ်မြေခံတပ်မှ ဗိုလ်မှူးကြီး ဝင်းကို၊ မင်းပြားမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြောက်ဦးခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(မြို့ပြ) တို့က ကွန်ကရစ်လမ်းသစ်ကိုဖဲကြိုးဖြတ်ဖွင့်လှစ်ကာ ကင်းဆိပ်-ခြိတ်တောင် လမ်းသည် အရှည် (၂/၄) မိုင် ရှည်လျားပြီး ကွန်ကရစ်လမ်းသစ်ဖြစ်ကာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် နိုင်ငံတော်ခွင့်ပြု ငွေကျပ် သန်း ၁၄၀ အကုန်အကျခံကာ ဖွင့်လှစ်ပေးခြင်းဖြစ်ပြီး အဆိုပါကျေးလက်လမ်းဖွင့်လှစ် ခြင်းဖြင့် ကင်းဆိပ်-သူဌေးကုန်း - ခြိတ်တောင် - သဒ္ဒါစသည့် ကျေးရွာများ၏ လမ်းပန်းဆက်သွယ်ရေးကောင်းမွန် လာပြီး ပညာရေး၊ ကျန်းမာရေး၊ လူနေမှုဘဝမြင့်မားလာကာ ဒေသထွက်ကုန်များလည်း မြို့ပြနှင့်အချိန်တိုအတွင်း  အလွယ်တကူဆက်သွယ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

သိန်းနုအောင်


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm