Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

(၇၈) နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် ဂွမြို့နယ်၌ ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းသစ်ဖွင့်


27 Mar,2023

ဂွ မတ် ၂၆

      ရခိုင်ပြည်နယ် ဂွမြို့နယ်၌ (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနက ဆောင်ရွက်ပြီးစီးခဲ့သော ကမ်းသာယာကျေးရွာနှင့် မဒေါ့ကြောကျေးရွာတို့ကို ဆက်သွယ် ထားသောကျေးရွာချင်းဆက် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို မတ် ၂၅ ရက်က အဆိုပါလမ်းသစ်၌ ကျင်းပသည်။

       အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်ကျော် က အမှာစကားပြောကြားပြီး မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမြို့နယ်ဦးစီးအရာရှိ ဦးမြင့်ချိုက လုပ်ငန်းစီမံကိန်းနှင့် ပတ်သက်၍ ရှင်းလင်းပြော ကြားသည်။ ယင်းနောက်ကွန်ကရစ်လမ်းသစ်ကိုမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁) ဗိုလ်မှူး သန့်ဇင်အောင်၊ မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ၊ ကမ်းသာယာ စခန်းမှူးနှင့် ကျေးရွာကိုယ်စားလှယ်တစ်ဦးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ကွန်ကရစ်လမ်းသစ်ကို စစ်ဆေးသည်။

      အဆိုပါ ကွန်ကရစ်လမ်းသစ်မှာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပြည်နယ် ငွေလုံးငွေရင်း ရန်ပုံငွေကျပ် ၁၆၄ ဒသမ ၁၃၂ သန်းဖြင့် ဆောင်ရွက်သော ကမ်းသာယာ-မဒေါ့ကြော ကျေးရွာချင်းဆက်ကွန်ကရစ်လမ်းသစ်ဖြစ်ပြီး အရှည် ၀ ဒသမ ၇၁ ကီလိုမီတာရှည်ကာ မဒေါ့ကြော၊ ကမ်းသာယာ၊ ရေသိုး၊ ရွှေဦးကွင်း၊ ဂျိုလိမ် စသည့်ကျေးရွာများမှ ဒေသခံပြည်သူများ၏ စီးပွားရေး၊ လူမှုရေး၊ ပညာရေးများအတွက် အကျိုးပြုသည့် လမ်းတစ်လမ်းဖြစ်ကြောင်း သိရသည်။

ရွှေရည်ဝင်းကျော်


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm