Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

လယ်​ဝေးမြို့နယ်၊ ​ရွှေကျင်​ကျေးရွာ မြစိမ်း​ရောင်​ကျေးရွာစီမံကိန်း စတုတ္ထအကြိမ်ထုတ်​ချေး


28 Mar,2023

လယ်​ဝေးမြို့နယ်၊ ​ရွှေကျင်​ကျေးရွာ မြစိမ်း​ရောင်​ကျေးရွာစီမံကိန်း စတုတ္ထအကြိမ်ထုတ်​ချေး

ပြည်​ထောင်စုနယ်​မြေ၊ ​နေပြည်​တော်၊ လယ်​ဝေးခရိုင်၊ လယ်​ဝေးမြို့နယ် ​ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်​ရေးဦးစီးဌာနက ​ရွှေကျင်​ကျေးရွာ၌ မြစိမ်း​ရောင်​ကျေးရွာစီမံကိန်း စတုတ္ထအကြိမ်ထုတ်​ချေးခြင်းကို အဆိုပါ​ကျေးရွာ၌ ကျင်းပခဲ့သည်။​ရှေးဦးစွာ လယ်​ဝေးမြို့နယ် ​ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်​ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦး​ကျော်သူရက မြစိမ်း​ရောင်​ကျေးရွာစီမံကိန်း ရန်ပုံ​ငွေထုတ်​ချေးရခြင်း ရည်ရွယ်ချက်များကို ​ပြောကြားသည်။ ဆက်လက်၍ စီမံကိန်းတာဝန်ခံ ဦးဇင်မင်းထက်၊ အကြီးတန်းစာ​ရေးမှ စီမံကိန်းအ​ကြောင်းအရာများ၊ အတိုးနှုန်းနှင့် ကာလသတ်မှတ်ချက်များ၊ ​ချေး​ငွေထုတ်​ချေးရာတွင် လုိက်နာရမည့်စည်းကမ်းသတ်မှတ်ချက်များကို ​ပြောကြားပြီး ​ကျေးရွာမြစိမ်း​ရောင်စီမံကိန်းလုပ်ငန်းအဖွဲ့ထံ ရန်ပုံ​ငွေကျပ်(၄၀.၆၅)သန်းလွှဲ​ပြောင်း​ပေးအပ်သည်။ ထို​နောက် ​ကျေးရွာမြစိမ်း​ရောင်စီမံကိန်းလုပ်ငန်းအဖွဲ့မှ စိုက်ပျိုး​ရေးနှင့်​မွေးမြူ​ရေးလုပ်ငန်းလုပ်ကိုင်သူ အသင်းသား/သူ (၇၃)ဦးကို စီမံကိန်းရန်ပုံ​ငွေကျပ်(၄၀.၆၅)သန်းထုတ်​ချေး​ပေးခဲ့ပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm