Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

တောင်သူများအတွက်စိုက်ပျိုးရေး၊ မွေးမြူရေး ဆိုင်ရာအသိပညာပေးသင်တန်းဖွင့်လှစ်


04 May,2022

ပွင့်ဖြူ မေ ၄ ရက်

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကြီးမှူးပြီး ဆည်မုန်းကျေးရွာအုပ်စု၊ ဆည်မုန်းကျေးရွာရှိ ကျေးလက်နေတောင်သူများ အတွက် ''စိုက်ပျိုးရေး၊ ​မွေးမြူရေးဆိုင်ရာအသိပညာပေးသင်တန်း"ကို ဧပြီ ၂၂ ရက်နေ့ မှ စတင်၍ ဖွင့်လှစ်ထားကြောင်း သိရသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာအသိပညာပေးသင်တန်းတွင် ဒေသနှင့်ကိုက်ညီသည့် စိုက်ပျိုးရေး နည်းစနစ်များ၊ စိုက်ပျိုးရေးလုပ်ငန်းတွင် အသုံးပြုနိုင်သည့် သဘာဝဓာတ်မြေသြဇာပြုလုပ်နည်းများ၊ မွေးမြူရေးနည်းစနစ်များနှင့် တိရစ္ဆာန်များ ကာကွယ်ဆေးထိုးနည်းတို့ကို စာတွေ့လက်တွေ့သင်ကြား ပေးလျက်ရှိရာ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးလှဌေးမောင်နှင့် ဝန်ထမ်းများက အနီးကပ်ကြီးကြပ်၍ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါသင်တန်းကို ဧပြီ ၂၂ ရက်နေ့မှ မေလ ၅ ရက်နေ့အထိ ၁၅ ရက်ကြာ သင်ကြားပို့ချလျှက်ရှိပြီး ဆည်မုန်းကျေးရွာမှ သင်တန်းသူ ၇ ဦး၊ သင်တန်းသား ၁၈ ဦး၊ စုစုပေါင်း ၂၅ ဦး တက်ရောက် သင်ယူခဲ့ကြောင်း ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

ပွင့်ဖြူမြို့နယ်သည် စိုက်ပျိုးရေးကို အဓိကထား လုပ်ကိုင်သော မြို့နယ်ဖြစ်၍ ဒေသခံတောင်သူများ မြေမှန်၊ မျိုးမှန်၊ နည်းစနစ်မှန်မှန်ဖြင့် စိုက်ပျိုးနိုင်ပါက သီးနှံများ ပိုမိုဖြစ်ထွန်းပြီး အကျိုးအမြတ် ပိုမိုရရှိကာ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရန် မျှော်မှန်း၍ အဆိုပါသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးမှူး ဦးလှဌေးမောင်ထံမှ သိရသည်။

အထွေး

 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm