Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပျဥ်းမနားမြို့နယ်၊ ကြို့တန်း​ကျေးရွာ စက်​ရေတွင်းတူး​ဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ​ဆောင်ရွက်ပြီးစီးမှု ကွင်းဆင်းစစ်​ဆေး


28 Mar,2023

ပျဥ်းမနားမြို့နယ်၊ ကြို့တန်း​ကျေးရွာ စက်​ရေတွင်းတူး​ဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ​ဆောင်ရွက်ပြီးစီးမှု ကွင်းဆင်းစစ်​ဆေး

ပြည်​ထောင်စုနယ်​မြေ၊ ​နေပြည်​တော်၊ ပျဥ်းမနားခရိုင်၊ ပျဥ်းအနားမြို့နယ်၊ ကြို့တန်း​ကျေးရွာတွင် သန့်ရှင်း​သော​သောက်သုံး​ရေရရှိ​စေရန် ၂၀၂၂-၂၀၂၃ခု၊ ဘဏ္ဍာ​ရေးနှစ် ​နေပြည်​တော်​ကောင်စီခွင့်ပြုရန်ပုံ​​ငွေကျပ်(၁၉.၅)သန်းဖြင့် Ye Htike Thu ကုမ္ပဏီမှ ​အ​ကောင်အထည်​ဖော်​ဆောင်ရွက်​သော အနက်​ပေ(၄၀၀)(၄")စက်​ရေတွင်းတူး​ဖော်ခြင်း၊ အမြင့်(၂၀)​ပေ၊ (၂၄၀၀)ဂါလံဆံ့စင်မြင့်​ရေစင်တည်​ဆောက်ခြင်း၊ ​ရေစက်ရုံတည်​ဆောက်ခြင်းနှင့် ခြံစည်းရိုးကာရံခြင်းလုပ်ငန်းများ (100%)​ဆောင်ရွက်ပြီးစီးမှုအ​ခြေအ​နေအား ​ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်​ရေးဦးစီးဌာန(ရုံးချုပ်)မှ ဒုတိယညွှန်ကြား​ရေးမှူးချုပ် ​ဒေါ်ညိုညိုဝင်နှင့်တာဝန်ရှိသူများ၊ ပြည်​ထောင်စုနယ်​မြေ၊ ​နေပြည်​တော်နှင်ု ခရိုင်၊ မြို့နယ် ​ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်​ရေးဦးစီးဌာနများမှ တာဝန်ရှိသူများမှ ကွင်းဆင်းစစ်​ဆေးခဲ့ရာ ဒုတိယညွှန်ကြား​ရေးမှူးချုပ် ​ဒေါ်ညိုညိုဝင်းမှ ​ဆောင်ရွက်ပြီးလုပ်ငန်းများအား အကျိုးရှိစွာအသုံးပြုရန်နှင့် ​ရေရှည်တည်တန့်ခိုင်မြဲ​အောင် ဝိုင်းဝန်းထိန်းသိမ်းကြရန်မှာကြားခဲ့ပါသည်။​ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်​ရေးဦးစီးဌာနအ​နေဖြင့် ကြို့တန်း​ကျေးရွာတွင် သန့်ရှင်း​သော​သောက်သုံး​ရေရရှိ​စေရန် စက်ရေတွင်းတူး​ဖော်ခြင်းလုပ်ငန်း​ဆောင်ရွက်နိုင်မှု​ကြောင့် ​ကျေးရွာရှိ အိမ်​ခြေ(၂၀၈)အိမ်၊ လူဦး​ရေ(၈၈၈)ဦးနှင့် ကျွဲ၊ နွား၊ တိရိစ္ဆာန်များ၏ ​သောက်သုံး​ရေ အခက်အခဲများ အဆင်​ပြေသွားပြီဖြစ်ပါ​ကြောင်း သတင်းရရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm