Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မြစိမ်းရောင်(သမဝါယမစီမံကိန်း)အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိ


28 Mar,2023

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ သမဝါယမကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်မည့် မြစိမ်းရောင်(သမဝါယမစီမံကိန်း)ကို ငွေကျပ် ၁၂၇၄၉.၄ သန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးထံမှ သိရပါသည်။

နိုင်ငံ့စီးပွားမြင့်တင်ရေးရန်ပုံငွေဖြင့် ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် ငွေကျပ် ၁၀ ဘီလီယံစီဖြင့်လည်းကောင်း၊ ကချင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် ငွေကျပ် ၈ ဘီလီယံစီဖြင့်လည်းကောင်း၊ ကျန်တိုင်းဒေသကြီးနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသခြောက်ခုတွင် ငွေကျပ် ၅ ဘီလီယံစီဖြင့်လည်းကောင်း နိုင်ငံစီးပွား မြှင့်တင်ရေးရန်ပုံငွေက ထူထောင်ပေးခြင်းဖြစ်သည်။

ထိုသို့ ထူထောင်ပေးရာ၌ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အစိုးရ သို့မဟုတ် တိုင်းဒေသကြီး/ပြည်နယ်ကြီးကြပ်မှုကော်မတီကို ချပေးထားသည့်အထဲတွင် သမဝါယမအနေဖြင့် ငွေကျပ် ၁၂၇၄၉.၄ သန်းကို သမဝါယမအသင်းများအား သတ်မှတ်မှတ်ထားသည့်မူဘောင်နှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း၊ ငွေကျပ် ၆၀၄၇.၆ သန်းကို အသင်းသား သို့မဟုတ် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဆီစက်လုပ်ငန်း၊ ဆန်စက်လုပ်ငန်း စသည့် လုပ်ငန်းများအတွက် သက်ဆိုင်ရာ အသင်းသားလက်ဝယ်အရောက် ပေးပြီးဖြစ်ကြောင်း သိရသည်။

ဇော်မျိုး(နေပြည်တော်)

 

(၂၆-၃-၂၀၂၃)ရက်နေ့ထုတ် မြဝတီသတင်းစာ၊ စာမျက်နှာ-၂ ပါ သတင်းစဉ်


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm