ရပ်စောက်၊ မေ ၃
ရှမ်းပြည်နယ်(တောင်ပိုင်း) ရပ်စောက်မြို့နယ်ရှိ မြို့မဈေးသမဝါယမအသင်းလီမိတက်မှ အသင်းသားပြည်သူများ၏ စားဝတ်နေရေး၊ ကျန်းမာရေးနှင့် လူမှုရေးကိစ္စများတွင် တစ်ဖက် တစ်လမ်းမှ အထောက်အကူပြုနိုင်ရန် ရည်ရွယ်၍ စုဆောင်းငွေပေါ်အတိုးများ ထုတ်ပေးခြင်းကို မေလ ၁ ရက်နေ့က အဆိုပါအသင်းရုံးခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ထို့နောက် စုဆောင်းငွေပေါ်အတိုးငွေကျပ် ၁၄၉.၉၉ သိန်းအား အသင်းဒါရိုက်တာအဖွဲ့မှ အသင်းသား ၅၅၉ ဦးသို့ လက်ဝယ်အရောက် ထုတ်ပေးခဲ့သည်။ အသင်းဒါရိုက်တာအဖွဲ့နှင့် ဝန်ထမ်းများစည်းလုံးမှု၊ ကြိုးစားဆောင်ရွက်မှုများကြောင့် အသင်း၏ ငွေစုငွေချေးလုပ်ငန်းများ တိုးတက်အောင်မြင်ပြီး အသင်းသားပြည်သူများ၏ အကျိုးစီးပွားအတွက် ပိုမိုဆောင်ရွက်နိုင်မှာ ဖြစ်ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်