ဇီးကုန်း၊ မတ် ၂၁
ပဲခူးတိုင်းဒေသကြီး၊ ဇီးကုန်းမြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ ဈေးလမ်းရှိ မြို့နယ်သမဝါယမ အသင်းစုလီမိတက်ပိုင်ဆီစက်သည် မြေပဲနှင့် နှမ်းများကို ကြိတ်ခွဲဆောင်ရွက်လျက်ရှိသည်။ ဆီကြိတ်ခွဲမှုအနေဖြင့် မြေပဲတစ်တင်း ကြိတ်ခွဲလျှင် မြေပဲဆီ ၇.၆၀ ပိဿာ နှင့် နှမ်းတစ်တင်း ကြိတ်ခွဲလျှင် နှမ်းဆီ ၆.၃၀ ပိဿာ ကြိတ်ခွဲနိုင်သည်။ တစ်နေ့လျှင် နှမ်းဆီ ၆၃ ပိဿာခန့် ထွက်ရှိပြီး ဆီစက်အတွက် လိုအပ်သော ကုန်ကြမ်းများဖြစ်သည့် မြေပဲများကို ပေါင်းတည်ပွဲရုံနှင့် နှမ်းများကို ကြို့ပင်ကောက်မြို့မှ ဝယ်ယူကြိတ်ခွဲလျက်ရှိပြီး ထွက်ရှိလာသည့် နှမ်းဆီနှင့် မြေပဲဆီများကို အသင်းသားပြည်သူများသို့ လက်လီ/လက်ကား ဖြန့်ဖြူးရောင်းချပေးလျက် ရှိကြောင်း သိရသည်။
Related News and Articles
Dial these numbers and email in case of any emergency