Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဇီးကုန်းမြို့နယ်သမဝါယမအသင်းစုလီမိတက်ပိုင်ဆီစက်က မြေပဲနှင့် နှမ်းများ ကြိတ်ခွဲ ဖြန့်ဖြူး


21 Mar,2023

ဇီးကုန်း၊ မတ် ၂၁

ပဲခူးတိုင်းဒေသကြီး၊ ဇီးကုန်းမြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ ဈေးလမ်းရှိ မြို့နယ်သမဝါယမ အသင်းစုလီမိတက်ပိုင်ဆီစက်သည် မြေပဲနှင့် နှမ်းများကို ကြိတ်ခွဲဆောင်ရွက်လျက်ရှိသည်။ ဆီကြိတ်ခွဲမှုအနေဖြင့် မြေပဲတစ်တင်း ကြိတ်ခွဲလျှင် မြေပဲဆီ ၇.၆၀ ပိဿာ နှင့် နှမ်းတစ်တင်း ကြိတ်ခွဲလျှင် နှမ်းဆီ  ၆.၃၀ ပိဿာ ကြိတ်ခွဲနိုင်သည်။ တစ်နေ့လျှင် နှမ်းဆီ ၆၃ ပိဿာခန့် ထွက်ရှိပြီး ဆီစက်အတွက် လိုအပ်သော ကုန်ကြမ်းများဖြစ်သည့် မြေပဲများကို ပေါင်းတည်ပွဲရုံနှင့် နှမ်းများကို ကြို့ပင်ကောက်မြို့မှ ဝယ်ယူကြိတ်ခွဲလျက်ရှိပြီး ထွက်ရှိလာသည့် နှမ်းဆီနှင့် မြေပဲဆီများကို အသင်းသားပြည်သူများသို့ လက်လီ/လက်ကား ဖြန့်ဖြူးရောင်းချပေးလျက် ရှိကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်