နေပြည်တော် မတ်လ ၁၉
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၏ ခရီးစဉ်တွင် အဖွဲ့ဝင်အဖြစ် လိုက်ပါလာသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးမောင်ကိုနှင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး တို့သည် ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများလိုက်ပါလျက် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနရုံးသို့ သွားရောက်ပြီး ဦးစီးဌာနများမှ ဝန်ထမ်းများနှင့် တွေ့ဆုံကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးမောင်ကိုမှ ပြောကြားရာတွင် ဈေးကွက် စီးပွားရေးကို အောင်မြင်အောင် ဆောင်ရွက်သွားကြရန် ၊ စိုက်ပျိုးမွေးမြူရေးဆောင်ရွက် ရာတွင် အခြားပြည်ပနိုင်ငံများ၏ ဆောင်ရွက်မှု နည်းပညာများကို လေ့လာပြီး မိမိနိုင်ငံ နှင့် ကိုက်ညီအောင် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ကျေးလက် နေပြည်သူများ၏ လူမှုစီးပွားဘဝ မြင့်မားရေး၊ မိသားစု ဝင်ငွေတိုးပွားရေးတို့အတွက် စီးပွားရေး အထောက်အကူပြု စိုက်ပျိုးမွေးမြူရေးအခြေခံ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး MSME လုပ်ငန်းများ အောင်မြင်ရေး၊ ကျေးလက်နေပြည်သူများ၏ ဝင်ငွေတိုးပွားရေး၊ ကျေးလက်လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို ပိုမိုဖွံ့ဖြိုးတိုးတက်အောင် အထောက်အကူပြု ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း တိုက်တွန်း မှာကြားခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများအနေဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် မိမိအလုပ်ကို အာရုံစိုက်ပြီးဆောင်ရွက်ကြရန်၊ စာအုပ်စာပေဗဟုသုတများကို လေ့လာဖတ်ရှုကြရန်၊ မွေးမြူရေးလုပ်ငန်းများတွင်လည်း လွှတ်ကြောင်းစနစ်မှ ခြံလှောင်စနစ် အသုံးပြုသွားရေး၊ အစုအဖွဲ့ဖြင့် ဖွဲ့စည်းဆောင်ရွက်သွားရေး၊ မျိုးကောင်းမျိုးသန့်များ မျိုးစပ်ပြီး မွေးမြူရေးဈေးကွက် ရရှိရေးတို့ကို ဝိုင်းဝန်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် မျိုးကောင်းမျိုးသန့်များ အသုံးပြုရေး၊ စိုက်ပျိုးရေရရှိရေး၊ သွင်းအားစုများ ထောက်ပံ့နိုင်ရေး၊ စံပြလယ်ယာစနစ်ဖော်ဆောင်နိုင်ရေး၊ ဈေးကွက်ရရှိနိုင်ရေးတို့ကို ကြိုးပမ်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် ဒေသ ထွက်ကုန်များကို အခြေခံပြီး တန်ဖိုးမြှင့် စားသောက်ကုန် (Value Added) များ ထုတ်လုပ်နိုင်ရေး သင်တန်းများ ပို့ချဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ သင်တန်းအောင်မြင်ပြီး ထူးချွန် သင်တန်းသားများအတွက် လိုအပ်သည့် အရင်းအနှီး၊ နည်းပညာများ ဆက်လက်ပံ့ပိုး ဆောင်ရွက် ပေးရမည်ဖြစ်ကြောင်း၊ ကျေးလက်အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက် ပေးနေသကဲ့သို့ ကျေးလက်ရေရရှိရေး၊ မီးလင်းရေး၊ လမ်း၊ တံတားများ ဖွံ့ဖြိုးရေးလုပ်ငန်းများ ကိုလည်း ဘဏ္ဍာနှစ်အလိုက် အရည်အသွေး ပြည့်မီစွာ အချိန်မီ ပြီးစီးရေး ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ စံပြကျေးရွာများ ထူထောင်ရေး၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်ကြရန်နှင့် လုပ်ငန်းများဆောင်ရွက်ရာတွင် မိမိဦးစီးဌာနနှင့်သာ သက်ဆိုင်သည်ဟု သဘောမထားဘဲ ဦးစီးဌာန (၄) ခုလုံး ပူးပေါင်းချိတ်ဆက် ဆောင်ရွက်မှသာ ပိုမိုထိရောက်မြန်ဆန် အောင်မြင်နိုင်မည်ဖြစ်ကြောင်း မှာကြားခဲ့သည်။
ဆက်လက်ပြီး ဦးစီးဌာနများမှ တာဝန်ရှိသူများ၏ လုပ်ငန်းဆောင်ရွက်နေမှုများ ရှင်းလင်း တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက အကောင်အထည်ဖော် ဆောင်ရွက်နေသော လုပ်ငန်း များအား ဘဏ္ဍာနှစ်အလိုက် အရည်အသွေးပြည့်မီစွာ အချိန်မီပြီးစီးရန်၊ သီးထပ်စိုက်ပျိုးနိုင်သော နေရာဒေသများတွင် ယာယီ ချောင်းပိတ်၊ မြောင်းပိတ်၊ ဆိုလာပန့်များဖြင့် ရေရရှိရေး ဆောင်ရွက်ရန်၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့်ဆောင်ရွက် သော မြစိမ်းရောင်စီမံကိန်း လုပ်ငန်းများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး MSME လုပ်ငန်းများ၊ သမဝါယမ လုပ်ငန်းများနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ အောင်မြင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန်၊ သမဝါယမအသင်းအဖွဲ့များ ဖွဲ့စည်းခြင်းဖြင့် ရရှိလာနိုင်မည့် အကျိုးကျေးဇူးများအား ပြည်သူများ ထင်သာမြင်သာ ရှိစေရေး ဝန်ထမ်းများက အကျယ်တဝင့် ရှင်းလင်းဆွေးနွေးကြရမည်ဖြစ်ပြီး အမှန်တကယ် အလုပ်လုပ်လိုသူများဖြင့်သာ သမဝါယမအသင်း များ ဖွဲ့စည်းဆောင်ရွက်ကြရန်၊ ဝန်ထမ်းစည်းမျဉ်း စည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက် ကြရန်မှာကြားကာ ဝန်ထမ်းများ၏ လုပ်ငန်းလိုအပ်ချက်များအပေါ် ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ ကြောင်း သတင်းရရှိပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။