မိုးညှင်း၊ မတ် ၁၆
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်ရှိ သမဝါယမအသင်း ၅ သင်း၏ အသင်းသားတောင်သူ ၃၉၀ ဦးတို့က နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေဖြင့် ပဲပုတ်စိုက်ဧက ၄၄၇ ဧက၊ နေကြာစိုက်ဧက ၃၀၂ ဧက၊ စုစုပေါင်းစိုက်ဧက ၇၄၉ ဧက စိုက်ပျိုးထားရှိသည်။ ယခုအခါ အသင်းသားတောင်သူများ စိုက်ပျိုးထားရှိသည့် ပဲပုတ်ပင် (တောင်သူအခေါ် ခေါင်ကြား၊ စိုက်ပျိုးရေးအခေါ် ရေဆင်း-၁၁) များမှာ ရက် ၁၀၀ ကျော်နေပြီဖြစ်၍ ပန်းများပွင့်နေပြီ ဖြစ်ကြောင်းနှင့် နေကြာမျိုးစေ့ (ဆင်းရွှေကြာ-၂) ကိုလည်း စိုက်ပျိုးထားရှိရာ ဧပြီနှင့် မေလတွင် ရိတ်သိမ်းနိုင်မည်ဖြစ်ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်