Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပွင့်ဖြူမြို့နယ် မုန်းဇလဲ-ညောင်ပင်စောက်ကျေးရွာချင်းဆက်လမ်းအား မြေနီကျောက်စရစ်လမ်းအဖြစ် ပြုပြင်ထိန်းသိမ်းဆောင်ရွက်ပြီးစီး


14 Mar,2023

ပွင့်ဖြူ၊ ဒေသဖွံ့ဖြိုးရေး

         မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် မုန်းဇလဲကျေးရွာနှင့် ညောင်ပင်စောက်ကျေးရွာအား ဆက်သွယ်ဖောက်လုပ်ထားသည့် ကျေးရွာချင်းဆက်လမ်းမှာ မိုးရေတိုက်စားမှုကြောင့် ယိုယွင်းပျက်စီးနေသဖြင့် ဒေသခံကျေးလက်နေပြည်သူများရာသီမရွေး အဆင်ပြေစွာသွားလာနိုင်ရေး သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပြည်ထောင်စုပြင်ဆင်ထိန်းသိမ်းခြင်းရန်ပုံငွေဖြင့် မြေနီကျောက်စရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ပြုပြင်ထိန်းသိမ်း ဆောင်ရွက်လျက်ရှိရာ ယခုအခါလမ်းပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းမှာ ရာနှုန်းပြည့်ဆောင်ရွက် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

            အဆိုပါ ပွင့်ဖြူမြို့နယ် မုန်းဇလဲ-ညောင်ပင်စောက်ကျေးရွာချင်းဆက်လမ်းမှာ အရှည်ပေ ၁ မိုင် ၂ ဖာလုံကျော်ခန့်ရှိပြီး မိုးရေတိုက်စားမှု ဒဏ်ကြောင့် လမ်းပျက်စီးမှုများဖြစ်ပေါ်နေ၍ ဒေသခံကျေးလက်နေပြည်သူများ ကူးလူးဖြတ်သန်းသွားလာရာ၌ အဆင်မပြေမှုများနှင့် ကြုံတွေ့ နေရကြောင်းသိရ၍ မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂ဝ၂၂-၂၀၂၃ဘဏ္ဍာနှစ် ပြည်ထောင်စုပြင်ဆင်ထိန်းသိမ်းခြင်းရန်ပုံငွေကျပ် ၁၅ သန်းဖြင့် ဒေသခံပြည်သူများ ရာသီမရွေး အဆင်ပြေစွာသွားလာအသုံးပြုနိုင်ရေး မြေနီကျောက်စရစ်လမ်းအဖြစ် ဖေဖော်ဝါရီ ၂၅ ရက်ကစတင်ပြီး စက်ယန္တရားများဖြင့် ပြန်လည်ပြုပြင်ဆောင်ရွက်ခဲ့ရာ မတ် ၂ ရက် တွင် ရာနှုန်းပြည့်ပြုပြင် ဆောင်ရွက်ပြီးစီးခဲ့ကြောင်း ပွင့်ဖြူမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနဦးစီးအရာရှိ ဒေါ်မိမိလွင်ထံမှသိရသည်။

             ယခုအခါလုပ်ငန်းမှာ ဆောင်ရွက်ပြီးစီးသွားပြီဖြစ်၍ ဒေသခံပြည်သူများ တစ်ရွာနှင့်တစ်ရွာ လွယ်လင့်တကူကူးလူးဖြတ်သန်းသွားလာခွင့် ရရှိသွားပြီဖြစ်ကာ လယ်ယာမြေ များမှထွက်ရှိသော သီးနှံထွက်ကုန်များကိုလည်း အဆင်ပြေစွာသယ်ယူပို့ဆောင်နိုင်မည်ဖြစ်၍ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအကျိုးပြုနိုင်တော့မည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။

လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm