ရေကြည် မတ် ၁၂
ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ်ရှိ ဆီဆုံကုန်း -ကြို့ကုန်း ကွန်ကရစ်တံတားသစ်ဖွင့်ပွဲကို ယနေ့နံနက် ၁၁ နာရီတွင် ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ဖွင့်လှစ်သည်။
ဖွင့်ပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး တင်ဇော်ထွန်းနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမင်းသိန်းတို့ကတံတားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး တံတားနှင့် ချဉ်းကပ်လမ်းကို ကြည့်ရှုစစ်ဆေးသည်။
အဆိုပါတံတားသည် အရှည်ပေ ၆၀ ၊ အကျယ်၁၄ ပေရှိပြီး ဆီဆုံကုန်း-ကြို့ကုန်း-လှေဆွဲရိုး - မဲဇလီကုန်းလမ်းပေါ်တွင် တည်ရှိကာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာ နှစ် တိုင်းဒေသကြီး ငွေလုံးငွေရင်း ရန်ပုံငွေ ၂၀၅ ဒသမ ၅၀ သန်းဖြင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက တည်ဆောက်ခဲ့ခြင်းဖြစ်သည်။
တံတားတည်ဆောက်ခြင်းကြောင့် ဆီဆုံကုန်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာသုံးရွာနှင့် ကြို့ကုန်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာသုံးရွာတို့မှပြည်သူများ၏ ပညာရေး၊ ကျန်းမာရေးနှင့် လမ်းပန်းဆက်သွယ်ရေး ပိုမိုလွယ်ကူကာ လူမှုစီးပွားဘဝများ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်