Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

စလင်းမြို့နယ်၌ အခြေခံစက်ချုပ်သင်တန်းဖွင့်ပွဲကျင်းပပြုလုပ်


03 May,2022

စလင်း မေ ၃ရက်

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကြီးမှူးပြီး စလင်းမြို့နယ်၊ အောက်လှိုင်းကျေးရွာအုပ်စု၊ အောက်လှိုင်းကျေးရွာ၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု"အခြေခံစက်ချုပ်သင်တန်း"ဖွင့်ပွဲအခမ်းအနားကို မေလ ၂ ရက်နေ့ နံနက် ၉ နာရီက အဆိုပါကျေးရွာ ဓမ္မာရုံ၌ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ စလင်းမြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးနေလင်းနိုင်က အဖွင့်အမှာစကားပြောကြားပြီး စလင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးစိုးခိုင်က ကျေးလက်နေ ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း ရရှိစေရေးအတွက် အခြေခံစက်ချုပ်သင်တန်းကို ဖွင့်လှစ် ပေးရခြင်းဖြစ်ကြောင်း၊ သင်တန်းမှရရှိလာမည့် အသိပညာများကိုလည်းသင်တန်းသူ/သားများမှ အကျိုးရှိရှိအသုံးချစေလိုကြောင်း၊ သင်တန်းကာလပြီးဆုံးသည့်တိုင် စိတ်ပါဝင်စားစွာ လက်တွေ့ အသုံးချနိုင်သည်အထိ သင်ယူကြစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ သင်တန်းနည်းပြဆရာမမှ သင်တန်းတွင် သင်ကြားပို့ချမည့် ဘာသာရပ်များအား ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသော သင်တန်းသူများမှ တစ်ဦးချင်း မိတ်ဆက်ကြကြောင်း သိရသည်။

အောက်လှိုင်းကျေးရွာ အခြေခံစက်ချုပ်သင်တန်းဖွင့်ပွဲအခမ်းအနားသို့ အောက်လှိုင်းကျေးရွာနှင့် ပတ်ဝန်းကျင်ရှိ ကျေးရွာများမှ သင်တန်းသူ ၃၀ ဦး တင်ရောက်ခဲ့ကြပြီး၊ မေလ ၂ ရက်နေ့မှ ၃၁ ရက်နေ့ထိ ရက် ၃၀ ကြာ ဖွက့်လှစ်သွားမည်ဖြစ်ကြောင်း စလင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ သိရသည်။

အထွေး

 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm