Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ရွာငံမြို့နယ် ကော်ဖီစိုက်တောင်သူသမဝါယမအသင်းသားများ ကော်ဖီစျေးကောင်းရရှိ


13 Mar,2023

ရွာငံ ၊ မတ် ၁၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်ရှိ မြို့နယ် သမဝါယမအသင်းစု၊ ကော်ဖီစိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်း ၄ သင်းနှင့် ရွှေသိင်္ဂီ ကော်ဖီအစုအဖွဲ့တို့က ဒေသခံတောင်သူများနှင့် သမဝါယမအသင်းသားများ စိုက်ပျိုးသော ကော်ဖီသီးနှံများကို ဝယ်ယူကြိတ်ခွဲဖြန့်ဖြူးရောင်းချလျက်ရှိသည်။ အဆိုပါ အသင်းများမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ကော်ဖီသီးနှံ ၄၇၁.၂၉၄ တန် ဝယ်ယူရောင်းချ ဖြန့်ဖြူး နိုင်ခဲ့ပြီး ကော်ဖီသီးနှံ စတင်ပေါ်ချိန်တွင် ကော်ဖီစိုက်တောင်သူသမဝါယမအသင်းသားများ အနေဖြင့် ကော်ဖီသီးလုံးအစို တစ်ပိဿာလျှင် ငွေကျပ် ၁၅၀၀ မှ ငွေကျပ် ၃၈၀၀ အထိ စျေးနှုန်းရရှိခဲ့သည့်အတွက် အဆင်ပြေလျက်ရှိသည်။

ထို့ပြင် ကော်ဖီစိုက်သမဝါယမအသင်းများအနေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် အတွင်း မြို့နယ်သမဝါယမအသင်းစုနှင့် ကောင်းထက်ဟိန်းကော်ဖီစိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းတို့မှ အသင်းသားများအား ကုန်ရောင်းပေါ် ပြန်အမ်းငွေကျပ် ၃၁၅.၆၆ သိန်း၊ မြို့နယ်သမဝါယမအသင်းစု၊ ကော်ဖီစိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်း ၄ သင်း နှင့် ရွှေသိင်္ဂီကော်ဖီအစုအဖွဲ့တို့မှ ကော်ဖီစိုက်တောင်သူများသို့ အစုပေါ်အမြတ်ငွေကျပ် ၂၅၇.၆၆ သိန်း ထုတ်ပေးခဲ့ကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm