ဘားအံ မတ် ၇
(၇၈)နှစ်မြောက်တပ်မတော်နေ့ ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကရင်ပြည်နယ် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ငွေစင်ဆန်းသစ်ကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက် သော ရဲသာ-ကမော့ကစင်-နောင်ခလိုင်-ကျောက်ကလပ်လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို မတ် ၆ ရက် နံနက် ၈ နာရီခန့်တွင် အဆိုပါလမ်း မုခ်ဦး၌ ကျင်းပသည်။
လမ်းဖွင့်ပွဲတွင် ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ယနေ့ဖွင့်လှစ်သော လမ်းသည် ဘားအံ - အိန္ဒု- ကော့ကရိတ် - မြဝတီအာရှလမ်းမကြီးနှင့် ဘားအံမြို့ရှောင်လမ်းအား ဖြတ်လမ်းသဖွယ် ချိတ်ဆက်ပေးထားသည့် လမ်းဖြစ်သည့်အပြင် ကျောက်ကလပ်စေတီတော်၊ ဇွဲကပင် ဆံတော်ရှင် စေတီတော်နှင့် ဆဒ္ဒန်လိုဏ်ဂူတော်သို့ ဒေသခံပြည်သူများ၊ ဘုရားဖူးခရီးသွားဧည့်သည်များ၊ အချိန်တိုအတွင်း သွားလာနိုင်မည်ဖြစ်ပြီး ပြည်နယ်၏ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူ ပြုနိုင်မည် ဖြစ်ကြောင်းပြောကြားသည်။
ထို့နောက် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးစောကျော်ဝင်းက လမ်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဒေသခံတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ ညွှန်ကြားရေးမှူး (မြို့ပြ)က လမ်းဖွင့်ပွဲအထိမ်း အမှတ်လက်ဆောင်များ ပေးအပ်သည်။
ယင်းနောက်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း နှင့် တာဝန်ရှိသူများက ရဲသာ- ကမော့ကစင်- နောင်ခလိုင်- ကျောက်ကလပ်လမ်းကွန်ကရစ် လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးကြပြီး ဖြတ်သန်းကြည့်ရှု စစ်ဆေးကြသည်။ အဆိုပါလမ်သည် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပြည်နယ်ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ၁၄ ပေအကျယ် ကွန်ကရစ် လမ်း ၁ မိုင် ၅ ဖာလုံ၊ ပေ ၂၀ ကွန်ကရစ်တံတားတစ်စင်းနှင့် Box culvert တစ်စင်းတို့ကို တင်ဒါအောင်မြင်ငွေကျပ် ၆၉၀ ဒသမ ၂၀၂ သန်းဖြင့် ဆောင်ရွက် ပြီးစီးခဲ့ရာ ကျေးရွာခုနစ်ရွာ၊ ၊ အိမ်ခြေ ၆၅၇ အိမ်နှင့် လူဦးရေ ၄၆၉၅ ဦးတို့အား အကျိုးပြုစေမည်ဖြစ်သည်။
ပြည်နယ်(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်