Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

စေတုတ္တရာမြို့နယ် ကျောက်မွဲကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ဒုတိယအကြိမ် ထုတ်ချေး


03 May,2022

စေတုတ္တရာ မေ ၃ရက်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကျောက်မွဲကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေ ဒုတိယအကြိမ် ထုတ်ချေးပေးခြင်းကို မေလ ၂ ရက်နေ့ နံနက် ၉ နာရီက အဆိုပါကျေးရွာဓမ္မာရုံ၌ ကိုဗစ် ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ရှေးဦးစွာ စေတုတ္တရာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးသိန်းဇော်ထွန်းက စီမံကိန်းအသင်းဝင် ကျေးရွာသူကျေးရွာသားများအား မြစိမ်းရောင်ကျေးရွာစီမံကိန်းမှာ အတိုးနှုန်း သက်သာစွာဖြင့် ထုတ်ချေးပေးထားသည့်အတွက် အတိုး အရင်းများကို သတ်မှတ်ကာလအတွင်း ပြေကြေစွာ ပေးဆပ်ကြစေလိုကြောင်း၊ စီမံကိန်းချေးငွေဖြင့် တပိုင်တနိုင် စီးပွားရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်ကြစေလိုကြောင်း၊ စီမံကိန်းလက်စွဲစာစောင်ပါ စည်းမျဉ်းစည်းကမ်းများနှင့် အညီ ဆောင်ရွက်ကြစေရေး ဆွေးနွေးမှာကြားသည်။

 

ထို့နောက် စေတုတ္တရာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အငယ်တန်းအင်ဂျင်နီယာ-၂ ဦးမျိုးသန့်နိုင်၊ အငယ်တန်းစာရေး ဦးဆွေမြင့်ထွန်း နှင့် ကျောက်မွဲကျေးရွာ မြစိမ်းရောင်ကျေးရွာစီမံကိန်း လုပ်ငန်းကော်မတီဝင်များက မြစိမ်းရောင်စီမံကိန်း ရန်ပုံငွေ ဒုတိယအကြိမ်အဖြစ် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ ၃၈ ဦး၊ ငွေကျပ် ၁၉ ဒသမ ၉ သန်း၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ ၁၆ ဦး၊ ငွေကျပ် ၈ ဒသမ ၄ သန်း၊ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ ၂ ဦး၊ ငွေကျပ် ၂ သန်း၊ စုစုပေါင်း အသင်းသား ၅၆ ဦးကို မြစိမ်းရောင်ကျေးရွာစီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ် ၃၀ ဒသမ ၃ သန်း ထုတ်ချေး ပေးခဲ့ကြောင်း စေတုတ္တရာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

 

မြစိမ်းရောင်ကျေးရွာစီမံကိန်းအား ကျေးလက်နေပြည်သူများ ဆင်းရဲမှုလျော့ကျစေရန်နှင့် တပိုင်တနိုင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြားအသေးစားစီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်၊ တိုးပွားလာသော ရန်ပုံငွေများဖြင့် ကျေးရွာအတွက်အမှန်တကယ်လိုအပ်သော ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း စေတုတ္တရာ  မြို့နယ် ဦးစီးမှူး ဦးသိန်းဇော်ထွန်းထံမှ သိရသည်။

 

အထွေး


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်