Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

‎ချောင်းဆုံမြို့နယ် ဒေါင်းရပ်အရှေ့ကျေးရွာ၌ အယ်လ်နီညိုဖြစ်စဥ်ကြောင့် ရေရှားပါးပြတ်လပ်မှုမရှိ စေရေး အသိပညာပေးဟောပြော


05 Nov,2026

‎ချောင်းဆုံမြို့နယ် ဒေါင်းရပ်အရှေ့ကျေးရွာ၌ အယ်လ်နီညိုဖြစ်စဥ်ကြောင့် ရေရှားပါးပြတ်လပ်မှုမရှိ စေရေး အသိပညာပေးဟောပြော

‎=====================================

‎ချောင်းဆုံ ၊ နိုဝင်ဘာ ၅

‎သမဝါယမနှင့်‌ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အယ်လ်နီညိုဖြစ်စဥ်ကြောင့် ရေရှားပါးပြတ်လပ်မှုမရှိ စေရေး အသိပညာပေးဟောပြောပွဲကို နိုဝင်ဘာ ၅ ရက်နေ့က ဒေါင်းရပ်အရှေ့ကျေးရွာ၌ ကျင်းပပြုလုပ် သည်။

‎‎ရှေးဦးစွာ ချောင်းဆုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းမော်က စူပါအယ်လ်နီညိုရာသီဥတုပြောင်းလဲမှုများ ဖြစ်ပွားလာနိုင်သည့် အခြေအနေများ၊ အယ်လ်နီညိုကြောင့် သောက်သုံးရေပြတ်လပ်မှုများ ဖြစ်ပေါ်ပါက ဌာနမှ ဆောင်ရွက်ပေးမည့် အခြေအနေများ၊ အယ်လ်နီညို သက်ရောက်မှုများကို ကြိုတင်ကာကွယ်နိုင်ရန်အချက်များကို ရှင်းလင်း ပြောကြားသည်။

‎‎ထို့နောက် ချောင်းဆုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများက အယ်လ်နီညိုအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေ ပေးသည်။

‎‎အဆိုပါဟောပြောပွဲသို့ ဒေါင်းရပ်အရှေ့ကျေးရွာမှ ရပ်မိရပ်ဖများနှင့် ကျေးရွာသူ ကျေးရွာသားများ တက်ရောက်ခဲ့ကြောင်း ချောင်းဆုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

 


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်