Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

‎မကွေးမြို့နယ် ပေပင်စမ်းကျေးရွာ၌ အယ်လ်နီညိုရာသီဥတုပြောင်းလဲမှုကြောင့် ရေရှားပါးမှုမဖြစ်ပေါ် စေရေး အသိပညာပေးဟောပြော


05 Nov,2026

‎မကွေးမြို့နယ် ပေပင်စမ်းကျေးရွာ၌ အယ်လ်နီညိုရာသီဥတုပြောင်းလဲမှုကြောင့် ရေရှားပါးမှုမဖြစ်ပေါ် စေရေး အသိပညာပေးဟောပြော

‎-------------------------------------------------------------------------------------------------------------------

‎မကွေး ၊ နိုဝင်ဘာ ၅

‎သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အယ်လ်နီညိုရာသီဥတုပြောင်းလဲမှုကြောင့် သောက်သုံး ရေရှားပါးမှုများ မဖြစ်ပေါ်စေရေး ပြည်သူများ ကြိုတင်ပြင်ဆင်နိုင်ရန်နှင့် ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ပေပင်စမ်းကျေးရွာ၌ ကျင်းပပြုလုပ်သည်။

‎‎ဟောပြောပွဲတွင် မကွေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုးလင်းထွဋ်က အယ်လ်နီညိုဖြစ်စဉ်ကြောင့် ရာသီဥတုပြောင်းလဲမှုများ ဖြစ်ပေါ်နိုင်ပြီး အပူလွန်ကဲ ခြင်း၊ ရေရှားပါးခြင်းနှင့် ကျန်းမာရေးပြဿနာများ ဖြစ်ပွားလာနိုင်သည့်အတွက် ကြိုတင်ကာကွယ် ရေးနှင့် ဆောင်ရန်ရှောင်ရန်များ၊ သောက်သုံးရေကို ကြိုတင်စုဆောင်းထားရှိခြင်း၊ ရေသိုလှောင်ကန် များကို သန့်ရှင်းစွာ ထိန်းသိမ်းခြင်းနှင့် ရေကို လိုအပ်သလောက်သာသုံးစွဲကြရန် လိုက်နာရမည့် အချက်များအား အသိညာပေးပြောကြားသည်။

‎‎ထို့နောက် မကွေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများက သောက်သုံး ရေရှားပါးမှုများ မဖြစ်ပေါ်စေရေး ကြိုတင်ပြင်ဆင်နိုင်ရန်နှင့် ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးသည်။

‎‎အဆိုပါဟောပြောပွဲသို့ မကွေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ပေပင်စမ်းကျေးရွာ တာဝန်ရှိသူများနှင့် ကျေးရွာသူ ကျေးရွာသားများတက်ရောက်ခဲ့ကြောင်း သိရသည်။

 


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်