Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဇမ္ဗူသီရိမြို့နယ် သမဝါယမအသင်းစု လီမိတက်၏၂ဝ၂၅-၂ဝ၂၆ ဘဏ္ဍာနှစ်အတွက် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေး၊ အမှုဆောင်အဖွဲ့နှင့်အသင်း စာရင်းစစ်ရွေးချယ်ပွဲ အခမ်းအနားကျင်းပ


10 Nov,2026

 ဇမ္ဗူသီရိ နိုဝင်ဘာ ၁၀
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် သမဝါယမအသင်းစုလီမိတက်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် အမှုဆောင်သစ် ရွေးချယ်တင်မြှောက်ပွဲ အခမ်းအနားကို ဇမ္ဗူသီရိမြို့နယ် သမဝါယမဦးစီးဌာန၌ ယမန်နေ့နံနက်ပိုင်းက ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနား (ပထမပိုင်း) တွင် ဇမ္ဗူသီရိမြို့နယ် သမဝါယမအသင်းစုလီမိတက်၏ ဥက္ကဋ္ဌ မှ သဘာပတိအဖြစ်ဆောင်ရွက်၍ အမှာစကားပြောကြားခဲ့ပြီး၊ အမှုဆောင်ဒါရိုက်တာ အဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာ၊ အသင်းသားစာရင်းစစ် အစီရင်ခံစာများနှင့် ဘဏ္ဍာရေး ရှင်းတမ်းများအား အမှုဆောင်အဖွဲ့ဝင်များမှ အသီးသီးဖတ်ကြားခဲ့‌ကြောင်း သိရသည်။
ဆက်လက်၍ အခမ်းအနား(ဒုတိယပိုင်း)တွင် ပြင်ဆင်ဥပဒေနှင့်အညီ အမှုဆောင်အဖွဲ့ ပြန်လည်ရွေးချယ်ခြင်းအား ကျင်းပခဲ့ရာ တိုင်းအဆင့်ဖွဲ့စည်းရေးကော်မတီ လက်ထောက် ညွှန်ကြားရေးမှူး ဦးဇော်ဝင်းက သဘာပတိအဖြစ် ဆောင်ရွက်၍ အသင်းဝင် ကိုယ်စားလှယ်များ၏ ဆန္ဒအရအမှုဆောင်အဖွဲ့၊ အသင်းသားစာရင်းစစ်တို့ကို ရွေးချယ်ပေးခဲ့ပြီး၊ အသင်း၏ ရှေ့လုပ်ငန်းစဉ်များအား ဦးစီးဌာနနှင့် အမှုဆောင်အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သွားကြရန် လမ်းညွှန်ပြောကြားခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
နီလာ(ပြန်/ဆက်)

 


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်