ပန်းတောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ ဂျင်ရဲကျွန်း ကျေးရွာ၌ အယ်လ်နီညိုရာသီဥတုဒဏ်ကို ကြိုတင်ကာကွယ်နိုင်ရေးအတွက်တောင်သူအသိပညာပေး ဟောပြောပွဲကျင်းပ
ပန်းတောင်း နိုဝင်ဘာ ၅
ပဲခူးတိုင်းဒေသကြီး ပန်းတောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနသည်အယ်လ်နီညိုရာသီဥတုဒဏ်ကို ကြိုတင်ကာကွယ်နိုင်ရေးအတွက်တောင်သူအသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်းတွင် ဂျင်ရဲကျွန်း ကျေးရွာ၌ ကျင်းပကြောင်း သိရသည်။
အဆိုပါအသိပညာပေးဟောပြောပွဲတွင် ပန်းတောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဒေါ်မေနှင်းဦးနှင့် ဝန်ထမ်းများက အယ်လ်နီညို ရာသီဥတုအခြေအနေကြောင့် အပူချိန်မြင့်တက်ခြင်းနှင့် ရေအရင်းအမြစ်များ လျော့နည်းလာနိုင်ခြင်းတို့ ဖြစ်ပေါ်သဖြင့် ကျေးလက်နေပြည်သူများအနေဖြင့် ရေကို လိုအပ်သလောက်သာ ချွေတာသုံးစွဲကြရန်းရေကိုအလေ အလွင့်နှင့် ဆုံးရှုံးမှုများမရှိစေရန်နှင့် ကန်ရေ၊ တွင်းရေ များကို စနစ်တကျထိန်းသိမ်းစုဆောင်းကာကွယ်ထားကြ ရန်၊ သောက်သုံးရေများကိုကြိုတင်စုဆောင်းထားရှိကြ ရန်နှင့်ရေသိုလှောင်ကန်များကို သန့်ရှင်းစွာထိန်းသိမ်းထား ရှိရန် အသိပညာပေးဆွေးနွေးပြောကြားသည်။
ထို့နောက် ဟောပြောပွဲသို့ တက်ရောက်လာကြသူ များအား အယ်လ်နီညိုရာသီဥတုနှင့် အပူဒဏ်ကာကွယ် ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်