သရက် နိုဝင်ဘာ ၄
သရက်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် တိုင်းဒေသကြီး (ငွေလုံးငွေရင်း)ရန်ပုံငွေဖြင့် ဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်သော ဝက်သားစား-ဝက်တိုးမှ ကမ်းနီကျေးရွာသို့ ဆက်သွယ်သောလမ်းပေါ်၌ ရေကျော်တည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို နိုဝင်ဘာ ၃ ရက်က တာဝန်ရှိသူများ ကွင်းဆင်း စစ်ဆေးသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် သရက်ခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ) ဦးသက်အောင်သန့်နှင့် တာဝန်ရှိသူများက ဝက်သားစား-ဝက်တိုးမှ ကမ်းနီ ကျေးရွာလမ်းပေါ်ရှိ ပေ ၂၀၀ ရေကျော်၏ပျက်စီးနေသော Down Stream ကျောက်ရိုးအား ပေ ၆၀ တည် ဆောက်ခြင်း ဆောင်ရွက်ပြီးစီးမှုနှင့် Retaining Wall ၁၇၅ ပေ တည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)က လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးအောင် အလေးထားဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
နော်လူး
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်