Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မိတ္ထီလာမြို့နယ်၌ ကျေးလက်လမ်းတံတားများ ဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး


02 Nov,2026

မိတ္ထီလာ နိုဝင်ဘာ ၁

              မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်၌ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ပြည်ထောင်စု ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော မြို့ရှောင်လမ်းမှ ပျော်ကုန်း-အုတ်ဖိုလမ်း ကတ္တရာခင်းခြင်းလုပ်ငန်း(၀/၂ မိုင်)၊ တိုင်းဒေသကြီး ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ကန်ပတ်လမ်းပေါ်တွင် သံကူကွန်ကရစ်တံတား အရှည် ပေ ၅၀ တစ်စင်း တည်ဆောက်ခြင်းလုပ်ငန်း၊ မန္တလေးလမ်းမှ ရိုးကန် - ကန်သာလမ်း အကျယ် ၂၄ ပေ ကတ္တရာလမ်းချဲ့ခြင်းနှင့် Platform ဆောင်ရွက်ခြင်း (၀/၄ ဒသမ ၂၈ မိုင်)နှင့် ပြည်သာယာ - မကျီးစု - ကန်နီ- သံကြိုးရလမ်း ကတ္တရာခင်းခြင်းလုပ်ငန်းအရှည် (၀/၃ မိုင်) ဆောင်ရွက်နေမှုတို့ကို ကျေး လက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်) မှ အင်ဂျင်နီယာချုပ် ဦးလှခိုင်၊ မန္တလေးတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်ဇေယျာဝင်းနှင့် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေကို ရှင်းလင်းတင် ပြသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်