Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ရေစကြိုမြို့နယ် ပေါင်လောင်ကျေးရွာကုန်ထုတ်လမ်း ကွင်းဆင်းတိုင်းတာ


02 May,2022

ရေစကြို မေ ၁

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်တွင် ရေစကြိုမြို့နယ်၊ မောက္ကလန်ကျေးရွာအုပ်စု၊ ပေါင်လောင်ကျေးရွာ၌ ကုန်ထုတ်လမ်း ဆောင်ရွက်နိုင်ရန်အတွက် ရေစကြိုမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက ဧပြီ ၃၀ ရက်နေ့ နံနက် ၉ နာရီက ကွင်းဆင်းတိုင်းတာခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းတိုင်းတာရာတွင် ရေစကြိုမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ခံအင်ဂျင်နီယာများနှင့် Chindwin Strategy ကုမ္ပဏီမှ တာဝန်ရှိသူများသည် ပေါင်လောင်ကျေးရွာကုန်ထုတ်လမ်းဖြစ်မြောက်ရေးကော်မတီဝင်များနှင့်အတူ ကုန်ထုတ်လမ်းအရှည် ၃ မိုင် ၅ ဖာလုံ၊ အကျယ် ၁၂ ပေ၊ ဒု ကိုးလက်မ မြေနီကျောက်စရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်ရန် မြေနေရာရရှိနိုင်မှုအခြေအနေ၊ လက်ရှိလမ်းအကျယ်နှင့် လမ်းအူကြောင်းအခြေအနေများကို စနစ်တကျ တိုင်းတာခဲ့ကြောင်း သိရသည်။

ပေါင်လောင်ကျေးရွာကုန်ထုတ်လမ်းသည် ကျေးရွာသုံးရွာရှိ ဒေသခံတောင်သူများ၏ လယ်ယာစိုက်ပျိုးရေး ဧက ၂၀၀၀ တွင် စိုက်ပျိုးထားသော နှမ်း၊ ဝါ၊ နေကြာနှင့် ပဲမျိုးစုံနှင့် အခြား သီးနှံထွက်ကုန်များ သယ်ယူပို့ဆောင်ရာ၌ အဓိကအားထားရာ လမ်းတစ်လမ်းဖြစ်ပြီး အဆိုပါကုန်ထုတ်လမ်းလုပ်ငန်းဆောင်ရွက်ပြီးစီးပါက အိမ်ခြေ ၉၇၄ အိမ်၊ လူ ၃၅၀၀ ဦးကို အကျိုးပြုမည်ဖြစ်ကြောင်း ရေစကြိုမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm