တောင်ကြီး၊ ဖေဖော်ဝါရီ ၂၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပန်မြို့နယ်၊ မော်ဟွေ့ကျေးရွာရှိ “ဝ” တောင်တန်းမျိုးစေ့ထုတ်သမဝါယမအသင်း၏ အသင်းသားပိုင်မြေဧက ၆၉ ဧကပေါ်တွင် အာလူးနှင့် တိုင်ထောင်ပဲ သီးနှံများ စိုက်ပျိုးဖြစ်ထွန်းလျက်ရှိသည်။ “ဝ” တောင်တန်းမျိုးစေ့ထုတ် သမဝါယမအသင်းအနေဖြင့် အာလူး တစ်ဧကလျှင် ပိဿာချိန် ၄၁၀၀ ခန့်ရရှိပြီး ဒေသတွင်းသို့ သက်သာသောစျေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချလျက်ရှိသည်။ တိုင်ထောင်ပဲသီး တစ်ဧကလျှင် ပိဿာချိန် ၄၀၀၀ ကျော် ထွက်ရှိပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ တင်ပို့ ရောင်းချလျက်ရှိကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်