Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး စစ်တွေမြို့ရှိ ဝန်ထမ်းနှင့်တွေ့ဆုံ လိုအပ်သည်များ လမ်းညွှန်မှာကြား


27 Feb,2023

နေပြည်တော် ဖေဖော်ဝါရီ ၂၆

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ဖေဖော်ဝါရီလ ၂၆ ရက်နေ့ မွန်းလွဲပိုင်းက ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီဌာနရုံး၊ အစည်းအဝေးခန်းမတွင် ဦးစီးဌာနများမှ ဝန်ထမ်းများနှင့်တွေ့ဆုံပြီး ပြည်ထောင်စု ဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝ မြင့်မားရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိရေး၊ မိသားစုဝင်ငွေ တိုးပွားရေးတို့အတွက် အလေးထား ဆောင်ရွက်နေပြီး ဝန်ကြီးဌာန၏ မူဝါဒ၊ ရည်ရွယ်ချက်၊ ရည်မှန်းချက်များ အောင်မြင်ရေးအတွက် ဦးစီးဌာန (၄) ခု ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးအတွက် စိုက်ပျိုးရေး မွေးမြူရေးအခြေခံ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေး လုပ်ငန်းများ MSME လုပ်ငန်းများ အောင်မြင်ရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အသေးစား ထုတ်ကုန်များအား ပြည်တွင်း၌ ဖူလုံစေပြီး ပြည်ပသို့တင်ပို့နိုင်ရေး ရည်မှန်းချက်ထား ဆောင်ရွက် နေပါကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများအတွက် လိုအပ်သည့် မျိုး၊ သွင်းအားစု၊ နည်းပညာ လိုအပ်ချက်နှင့် အခြေခံလိုအပ်ချက်များအား ကူညီပံ့ပိုးနိုင်ရေး ပူးပေါင်းဆောင်ရွက်ပေး နေကြောင်း၊ ပူးပေါင်းဆောင်ရွက်လျှင် အောင်မြင်မည်ဖြစ်၍ ဦးစီးဌာန (၄) ခု အချိတ်အဆက်မိမိ ပူးပေါင်းဆောင်ရွက် ကြရမည်ဖြစ်ကြောင်း၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံရာတွင်လည်း ၎င်းတို့၏ ဖွံ့ဖြိုးရေးလုပ်ငန်း လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးရမည် ဖြစ် ကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် မြစိမ်းရောင်စီမံကိန်းလုပ်ငန်းများ အောင်မြင်ရေး ကြိုးစားဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက် နေသည့် လုပ်ငန်းများအား သတ်မှတ်အရည်အသွေး ပြည့်မီစွာ အချိန်မီပြီးစီးရေး ဆောင်ရွက်ကြ ရမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် ဝန်ထမ်းစည်းမျဉ်း၊ စည်းကမ်းနှင့်အညီ လိုက်နာ ဆောင်ရွက်ကြစေလိုကြောင်း မှာကြားခဲ့ပါသည်။

ထို့နောက် ပြည်နယ်ဦးစီးမှူးများ၏ ရခိုင်ပြည်နယ်အတွင်း ဘဏ္ဍာနှစ်အလိုက် လုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေများ ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်မှာကြားကာ ဝန်ထမ်းများ၏ လိုအပ်ချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm