Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မကွေးမြို့နယ်၌ အခြေခံစက်ချုပ်သင်တန်းဖွင့်ပွဲကျင်းပပြုလုပ်


02 May,2022

မကွေး မေ ၂

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကြီးမှူးပြီး မကွေးမြို့နယ်၊ သမန်းတောကျေးရွာအုပ်စု၊ ပုတီးကုန်းကျေးရွာ၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု "အခြေခံစက်ချုပ်သင်တန်း"ဖွင့်ပွဲအခမ်းအနားကို မေလ ၁ ရက်နေ့ နံနက် ၉ နာရီက အဆိုပါကျေးရွာ ဓမ္မာရုံ၌ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ပထမဦးစွာ မကွေးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးကျော်ဇောဟိန်းက အဖွင့်အမှာစကားပြောကြားပြီး မကွေးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဒေါ်တင်တင်စိုးက ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း ရရှိစေရေးအတွက် အခြေခံ စက်ချုပ်သင်တန်းကို ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း၊ သင်တန်းမှရရှိလာမည့် အသိပညာများကိုလည်း သင်တန်းသူ/သားများမှ အကျိုးရှိရှိအသုံးချစေလိုကြောင်း၊ သင်တန်းကာလပြီးဆုံးသည့်တိုင် စိတ်ပါဝင်စားစွာ လက်တွေ့အသုံးချနိုင်သည်အထိ သင်ယူကြစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ သင်တန်းနည်းပြဆရာမမှ သင်တန်းတွင် သင်ကြားပို့ချမည့် ဘာသာရပ်များအား ရှင်းလင်းပြောကြားပြီး သမန်းတောကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးတင်ဌေးက သင်တန်းကာလ ပြီးမြောက်ပါက လက်တွေ့အသုံးချနိုင်သည့် အခြေခံစက်ချုပ်သင်တန်းအား ပုတီးကုန်းကျေးရွာတွင် လာရောက်ဖွင့်လှစ်သင်ကြားပေးသည့်အတွက် များစွာဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း ပြောကြားသည်။

ပုတီးကုန်းကျေးရွာ အခြေခံစက်ချုပ်သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ပုတီးကုန်းကျေးရွာနှင့် ပတ်ဝန်းကျင်ရှိ ကျေးရွာများမှ သင်တန်းသူ ၃၀ ဦး တင်ရောက်ခဲ့ကြောင်း မကွေးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

 

 

 


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm