Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ ပြင်ဆင်မည့်ဥပဒေအပေါ် ညှိနှိုင်းဆွေးနွေးခြင်း အခမ်းအနားကျင်းပ


22 Feb,2023

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၂

          အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ ပြင်ဆင်မည့် အသေးစားစက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေအပေါ် အကြံပြုချက်များအား ညှိနှိုင်းဆွေးနွေးခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် အဆိုပါ ဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ရုံးချုပ်မှညွှန်ကြားရေးမှူးများနှင့်  တိုင်းဒေသကြီး/ပြည်နယ်များမှ ညွှန်ကြားရေးမှူးများက Online ဖြင့်တက်ရောက်ကြသည်။

          အခမ်းအနားတွင် ညွှန်ကြားရေးမှူးချုပ်က လုပ်ငန်းလမ်းညွှန်အမှာစကားပြောကြားရာတွင် မိမိတို့ဦးစီးဌာနသည် စက်မှုနှင့်လက်မှုဟူ၍ရှိပါကြောင်း၊ စက်မှုနှင့်ပတ်သက်လာပါက ယခင်က မြင်းကောင်ရေ (၅)ကောင်အထိသာဖြစ်ပါကြောင်း၊ ယနေ့ ခေတ်အခြေအနေတွင် မြင်းကောင်ရေ(၅) ကောင်အားသည် ကောင်းမွန်စွာဆောင်ရွက်နိုင်ခြင်းမရှိပါကြောင်း၊ အသေးစားစက်မှုလက်မှုနှင့်ပတ်သက်၍ အနည်းဆုံး မြင်းကောင်ရေ(၂၅)ကောင် သို့မဟုတ် မြင်းကောင်ရေ(၃၀)ကောင်မှသာ လုပ်ငန်းဆောင် ရွက်၍ရမည်ဖြစ်ပါကြောင်း၊ ထို့အပြင် လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေများအရ လိုက်လျောညီထွေမှုမရှိသေးသည့် အချက်များကို အကြမ်းဖျင်း ပြင်ဆင်ထားပါကြောင်း၊ ပြင်ဆင်ထားသည့်အချက်များကို လည်း ပြည်ထောင်စုဝန်ကြီးရုံးသို့ တင်ပြထားပါကြောင်း၊ ယခုအချိန်တွင် ခရိုင်ရုံးများဖွင့်လှစ်ထားရှိပြီး ဖြစ်လို့ နောက်ပိုင်းမှာ မြို့နယ်အဆင့်အထိတိုးချဲ့ဖွင့်လှစ်သွားရန် မျှော်မှန်းထားသည့်အတွက် ယခု ဥပဒေထဲတွင် ထည့်သွင်းထားပါကြောင်း၊ ယနေ့ ပြုလုပ်သော ညှိနှိုင်းအစည်းအဝေးမှာ တွေ့ရှိချက်များ၊ ပြင်ဆင်ရမည့် အချက်များကို ထောက်ပြဆောင်ရွက်ပေးကြရန်လိုပါကြောင်း ပြောကြားခဲ့ပါသည်။

          ဆက်လက်၍ ဌာန၏ အသေးစားစက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေတွင်ပါရှိသည့် အခန်းအလိုက် ဆွေးနွေးကြပြီး တက်ရောက်လာသူများမှ ဥပဒေပါ လိုအပ်သည့် အချက်များကို ဖြည့်စွက်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm