Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် Zumba ကိုယ်ကာယကြံ့ခိုင်ရေးသင်တန်း အမှတ်စဉ်(၁/၂၀၂၃) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ


22 Feb,2023

သန်လျင်၊ ဖေဖော်ဝါရီ ၂၁

          သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် မြန်မာနိုင်ငံအမျိုးသမီးအားကစား အဖွဲ့ချုပ်နှင့် ပူးပေါင်းဖွင့်လှစ်သည့် Zumba ကိုယ်ကာယကြံ့ခိုင်ရေးသင်တန်း အမှတ်စဉ်(၁/၂၀၂၃) သင်တန်းဆင်းပွဲအခမ်းအနားကို ၂၁-၂-၂၀၂၃ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ရာ ပါမောက္ခချုပ် ဒေါက်တာရီရီဝင်း တက်ရောက်၍ သင်တန်းဆင်းအမှာစကား ပြောကြားသည်။ ၎င်းနောက် Zumba ပြိုင်ပွဲဝင် သင်တန်းသား၊ သင်တန်းသူ အဖွဲ့(၄)ဖွဲ့အား အကဲဖြတ်ဒိုင်အဖွဲ့ ဒိုင်ချုပ် မြန်မာနိုင်ငံ အမျိုးသမီးအားကစားအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါ်ခင်ညိုက ပြိုင်ပွဲဝင်စည်းမျဉ်းစည်းကမ်းများနှင့် အမှတ်ပေးစည်းမျဉ်းများအားရှင်းလင်းပြောကြားသည်။ ယင်းနောက် Zumba ပြိုင်ပွဲဝင်သင်တန်းသား၊ သင်တန်းသူအဖွဲ့(၄)ဖွဲ့က အဖွဲ့လိုက်ယှဉ်ပြိုင်ခဲ့ကြသည်။ ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး အေရိုးဗစ်အသင်းမှမသဲစုက တစ်ကိုယ်တော်စွမ်းရည် သရုပ်ဖော်ပြသခဲ့သည်။ ယင်းနောက်သင်တန်းသား၊ သင်တန်းသူများအား မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ ဒေါ်ခင်ညိုက သင်တန်းဆင်းလက်မှတ်များပေးအပ်ရာ သင်တန်းသား၊ သင်တန်းသူများကိုယ်စား အဖွဲ့ခေါင်းဆောင် များက လက်ခံရယူကြသည်။ ထို့နောက် ပြိုင်ပွဲဝင်အဖွဲ့များအားဆုများ ပေးအပ်ချီးမြှင့်ရာ နှစ်သိမ့်ဆုရရှိသည့် အဖွဲ့(၂)ဖွဲ့အား ဒုတိယပါမောက္ခချုပ်(စီမံ) ဦးဦးတင်သိန်းက လည်းကောင်း၊ ဒုတိယဆုနှင့် ပထမဆုရရှိသည့် အဖွဲ့များအား ပါမောက္ခချုပ် ဒေါက်တာရီရီဝင်းက လည်းကောင်း ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။ ဆက်လက်၍ ပါမောက္ခချုပ်က အကဲဖြတ်ဒိုင်အဖွဲ့ ဒိုင်ချုပ်နှင့် သင်တန်းနည်းပြဆရာမများ၊ တစ်ကိုယ်တော်စွမ်းရည် သရုပ်ဖော် ပြသခဲ့သည့် မသဲစုတို့အား ဂုဏ်ပြုကတ်နှင့် အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့သည်။ ၎င်းနောက် သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကား ပြောကြားပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့သည်။ အဆိုပါ Zumba ကိုယ်ကာယကြံ့ခိုင်ရေး သင်တန်း အမှတ်စဉ် (၁/၂၀၂၃)ကို ၁၄-၂-၂၀၂၃ ရက်နေ့မှ ၂၁-၂-၂၀၂၃ ရက်နေ့အထိ ဖွင့်လှစ်ခဲ့ပြီး သင်တန်းသား၊ သင်တန်းသူ (၁၀၈) ဦး တက်ရောက်ခဲ့သည်။ သင်တန်းဆင်းပွဲအခမ်းအနားသို့ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ မြန်မာနိုင်ငံအမျိုးသမီး အားကစားအဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မင်္ဂလာဒုံမြို့နယ် အားကစားမှူး၊ သန်လျင်မြို့နယ် အားကစားမှူးနှင့် သင်တန်းနည်းပြများ၊ ပါမောက္ခ၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူ များနှင့် ကျောင်းသား၊ ကျောင်းသူ ၅၀၀ ကျော် တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm