Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

တွံတေးမြို့နယ် ရေတွင်းကုန်းကျေးရွာတွင် မြေသားရေကန် ပြန်လည်တူးဖော်


20 Feb,2023

ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ် ရေတွင်းကုန်းကျေးရွာအုပ်စု ရေတွင်းကုန်းကျေးရွာတွင် သောက်သုံးရေဖူလုံစေရန်အတွက် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် တင်ဒါအောင် ပုလဲဧရာကုမ္ပဏီက တာဝန်ယူကာ မြေသားရေကန်ကို စက်ယန္တရားဖြင့် ပြန်လည် တူးဖော်ခြင်းလုပ်ငန်းအား ဆောင်ရွက်ခဲ့ရာ ရာနှုန်းပြည့်ပြီးစီးနေပြီဟု သိရသည်။ အဆိုပါ ရေကန်သည် ကျေးရွာနေ ပြည်သူများသောက်သုံးရေ အားထားရသော သောက်သုံးရေကန်ဖြစ်ပြီး နှစ်ကြာလာသည်နှင့်အမျှ နှုန်းမြေများ ပို့ချမှုကြောင့် ကန်ကောလာသဖြင့် နောက်နှစ်များတွင် သောက်သုံးရေ ပိုမိုသိုလှောင်သုံးစွဲနိုင်ရန် ရည်ရွယ်၍ ပြန်လည်တူးဖော်ခြင်းဖြစ်ကြောင်း သိရသည်။ အလျားပေ ၃၀၀၊ အနံပေ ၁၂၀ ရှိပြီး ယခင်အနက်ကို သုံးပေ ထပ်မံ တူးဖော်ခြင်းဖြစ်ကြောင်း သိရသည်။ လုပ်ငန်းခွင်သို့ တွံတေးမြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ယဉ်ယဉ်ဌေးနှင့် တာဝန်ခံအင်ဂျီနီယာတို့က ဖေဖော်ဝါရီ ၁၅ ရက် မွန်းလွဲ ၂ နာရီတွင် ကွင်းဆင်းကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သိရသည်။ အဆိုပါ ရေကန် ပြန်လည်တူးဖော်ခြင်းပြီးစီးသွားသဖြင့် နောက်နှစ်များတွင် ကျေးရွာအိမ်ခြေ ၂၀၀ ရှိ လူဦးရေ ၈၇၀ တို့ သောက်သုံးရေကို အခက်အခဲမရှိ အဆင်ပြေစွာသုံးစွဲနိုင်တော့မည် ဖြစ်သဖြင့် ကျေးရွာနေပြည်သူများ ကျေနပ်ဝမ်းသာနေကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm