Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမဦးစီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့မှ တိုင်းဒေသကြီးဦးစီးမှူးများ ဒေသတွင်းလုပ်ငန်းငယ်များ ဆောင်ရွက်မှုအား တွေ့ဆုံဆွေးနွေး


20 Feb,2023

၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် ပြည်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး၌ သမဝါယမဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးစိုင်းကျော်မင်း၊ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ဇင်ထွန်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးမျိုးအောင်၊ ပြည်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဟန်မြင့်ထွန်းနှင့် တာဝန်ရှိသူများက ဒေသအတွင်း လုပ်ငန်းငယ်များအား ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ရန်၊ ထုတ်ကုန်များအား အနိမ့်ဆုံးမှစတင်၍ ပိုမိုထုတ်လုပ်ဖြန့်ဖြူး နိုင်စေရန်နှင့် သင်တန်းများ လိုအပ်ပါက ဖွင့်လှစ်နိုင်ရေး တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

ဆက်လက်၍ တိုင်းဒေသကြီးဦးစီးမှူးများနှင့် အဖွဲ့သည် ဒေသတွင်းလုပ်ငန်းငယ်များ ဆောင်ရွက်လျှက်ရှိသော ပြည်မြို့နယ်၊ ထမ္မကောက်အုပ်စု၊ တီတွတ်ကျေးရွာရှိ ဆပ်ပြာချက်/ အပ်ချုပ်စက်လုပ်ငန်း၊ မှော်ဇာအုပ်စု၊ ဈေးရပ်ကျေးရွာရှိ ဆပ်ပြာချက်/ ကွန်ကရစ်/ အာလူးကြော် လုပ်ငန်းနှင့် ပေါက်ခေါင်းမြို့နယ်၊ ဘန့်ပြင်အုပ်စု၊ ဘန့်ပြင်ကျေးရွာ ဒေါ်လာအမှတ်တံဆိပ် ကြံသကာ ထုတ်ကုန်ပစ္စည်း လုပ်ငန်းဆောင်ရွက်နေမှုများအား  ကွင်းဆင်းလေ့လာခဲ့ကြောင်း သိရသည်။

 

 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm