Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မင်းဘူး - စကုကားလမ်းမကြီးမှ မယ်ဘေ့ကုန်းကျေးရွာလမ်းသို့ ကတ္တရာခင်းခြင်း ရာနှုန်းပြည့်ပြီးစီး


20 Feb,2023

မင်းဘူး ဖေဖော်ဝါရီ ၁၉

              မင်းဘူးခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုခွင့်ပြု ရန်ပုံငွေကျပ် ၂၃၂ ဒသမ ၅၁၃ သန်းဖြင့် မင်းဘူးမြို့နယ် မင်းဘူး- စကု ကားလမ်းမကြီးမှ မယ်ဘေ့ကုန်းကျေးရွာသို့ ဆက်သွယ်သောလမ်း ကတ္တရာခင်းခြင်းလုပ်ငန်းကို ဇွန်လ ပထမအပတ်မှ စတင် အကောင်အထည်ဖော် ဆောင်ရွက် ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း အဆိုပါဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။

       ကျေးလက်လမ်း ဖွံ့ဖြိုးရေး ဦးစီးဌာနက ကျေးလက်နေပြည်သူ များ လူမှုစီးပွားဘဝများ ဖွံ့ဖြိုး တိုးတက်စေရန် ကျေးလက်လမ်းများ ဖောက်လုပ်ခြင်း၊ အဆင့်မြှင့်တင်ခြင်း၊ ကျေးလက်တံတားများ တည်ဆောက်ခြင်းများကို နှစ်စဉ် ဘဏ္ဍာရန်ပုံငွေများ လျာထား၍ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိကြောင်း၊ ယခုဘဏ္ဍာနှစ်တွင် မယ်ဘေ့ကုန်းကျေးရွာသို့ ဆက်သွယ်သောလမ်း အရှည် တစ်မိုင် ၁ ဒသမ ၅ ဖာလုံ၌ အကျယ် ၁၂ ပေ၊ ထု တစ်ပေ ကျောက်ချောခင်းခြင်းနှင့် သုံးလက်မထု ကတ္တရာ ခင်းခြင်းလုပ်ငန်းကို ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေ ကျပ် ၂၃၂ ဒသမ ၅၁၃ သန်းဖြင့် တင်ဒါအောင်မြင် သည့် ကုမ္ပဏီက ဇူလိုင်လမှစတင် ကာ လုပ်ငန်းများဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းအားလုံး ရာနှုန်း ပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း မင်းဘူးခရိုင် ကျေးလကလမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ) ဦးကျော်သူထံမှ သိရသည်။

              အဆိုပါ မင်းဘူးမြို့နယ် မင်းဘူး- စကုကားလမ်းမကြီးမှ မယ်ဘေ့ ကုန်းကျေးရွာသို့ ဆက်သွယ်သောလမ်း ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်နိုင်မှုကြောင့် မယ်ဘေ့ကုန်းကျေးရွာ အပါအဝင် ကျေးရွာ ကိုးရွာရှိ အိမ်ခြေ ၁၈၀၀ နီးပါးမှ လူဦးရေ ၉၀၀၀ ကျော်အတွက် ရာသီမရွေး လမ်းပန်းဆက်သွယ်ရေး အဆင်ပြေသွားပြီ ဖြစ်ကြောင်း သိရသည်။

 သန်းလွင်(မကွေး)

 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm