Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မြစ်ကြီးနားမြို့နယ် အေးချမ်းသာငွေစုငွေချေးသမဝါယမအသင်းက မြေပဲဆီသန့်ပိဿာချိန် ၅၀၀၀ ဖြန့်ဖြူးရောင်းချခဲ့


17 Feb,2023

ဖေဖော်ဝါရီ  ၁၇

ကချင်ပြည်နယ်သမဝါယမဦးစီးဌာနနှင့် မန္တလေးတိုင်းဒေသကြီးသမဝါယမဦးစီးဌာနတို့ ချိတ်ဆက်ပြီး မြစ်ကြီးနားမြို့နယ်ရှိ အေးချမ်းသာ ငွေစုငွေချေးသမဝါယမအသင်းက မန္တလေးတိုင်း ဒေသကြီး၊ ညောင်ဦးမြို့နယ်သမဝါယမအသင်းစုမှ ထုတ်လုပ်သော မြေပဲဆီသန့် ပိဿာချိန် ၅၀၀ အား ဆဋ္ဌမအကြိမ်အဖြစ် ထပ်မံဝယ်ယူ၍ ဒေသပေါက်ဈေးထက် သက်သာသောဈေးနှုန်းဖြင့် မြို့နယ်သမဝါယမဦးစီးဌာနများမှတစ်ဆင့် အသင်းသားပြည်သူများသို့  ဖြန့်ဖြူးရောင်းချပေးခဲ့ သည်။

အသင်းအနေဖြင့် ကချင်ပြည်နယ်အတွင်း စားသုံးဆီလိုအပ်ချက်ဖြည့်ဆည်း နိုင်ရန်နှင့် သမဝါယမအသင်းသားပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင် စေရန် ရည်ရွယ်၍ မြစ်ကြီးနား၊ ဝိုင်းမော်၊ တနိုင်း၊ မိုးကောင်း၊ မိုးညှင်းနှင့် ပူတာအိုမြို့နယ်များရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် အသင်းသားပြည်သူများအား စုစုပေါင်း မြေပဲဆီသန့် ပိဿာချိန် ၅၀၀၀ ရောင်းချပေးနိုင်ခဲ့သည်။ ထို့ပြင်သမဝါယမကဏ္ဍက ဒေသထွက်ကုန်များအား သမဝါယမအသင်း အချင်းချင်း ချိတ်ဆက်၍ ကုန်စည်ဖလှယ်ရောင်းချပေးမှုများကို စားသုံးသူပြည်သူများအတွက် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm