Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

အုန်းအမာခွံလက်မှုထည်ထုတ်လုပ်မှုနည်းပညာသင်တန်း(TဝT)အမှတ်စဉ် (၃/၂၀၂၃)ဖွင့်လှစ်


15 Feb,2023

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၅

          အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရှိ ဝန်ထမ်းများလုပ်ငန်းခွင် ကျွမ်းကျင်မှုရှိစေရန် နှင့် နည်းပညာများ ပြည်လည်မျှဝေရာတွင် အရည်အသွေးပြည့်ဝပြီး လုပ်ငန်းကျွမ်းကျင်သော နည်းပြများ ဖြစ်လာစေရန်အတွက် အုန်းအမာခွံလက်မှုထည်ထုတ်လုပ်မှုနည်းပညာသင်တန်း (TဝT) အမှတ်စဉ် (၃/၂၀၂၃)ကို ယနေ့ နံနက် ၁၀နာရီခွဲ အချိန်တွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

          သင်တန်းဖွင့်ပွဲအခမ်းအနားသို့ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံ)၊ ညွှန်ကြားရေးမှူးများ၊ သင်တန်းနည်းပြများ၊ ရုံးချုပ်၊ တိုင်း ဒေသကြီး/ပြည်နယ်၊ ခရိုင်ရုံးများမှ သင်တန်းသား/သူများ တက်ရောက်ခဲ့ကြပြီး ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့ဌာနက အရည်အချင်းပြည့်ဝသည့် သင်တန်းနည်းပြများ ထွက်ပေါ်လာစေရေးအတွက် လုပ်ငန်းခွင်ကျွမ်းကျင်မှု သင်တန်းများဖွင့်လှစ်လျှက်ရှိရာ ယခုသင်တန်းသည် လက်မှုဆိုင်ရာအသက်မွေးဝမ်းကျောင်းနည်းပညာတစ်ခုဖြစ်သည့် အုန်းအမာခွံလက်မှုထည်ထုတ်လုပ်မှုသင်တန်းဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်ရုံးများရှိ လက်မှု အခြေခံရှိသူများအား ကျွမ်းကျင်နည်းပြများအဖြစ် ထွက်ပေါ်လာစေရန်၊ ဒေသတွင်း ပေါများစွာထွက်ရှိသည့် စွန့်ပစ်အုန်းအမာခွံများကို အသုံးပြုကာ ခေတ်မီဆန်းသစ်သော လက်မှုထည် ဒီဇိုင်းဆန်းများ တီထွင်ထုတ်လုပ်နိုင်စေရန်၊ စွန့်ပစ်ပစ္စည်းများမှ တန်ဖိုးမြှင့်ထုတ်ကုန်များထုတ်လုပ်၍ တစ်ဦးချင်း ဝင်ငွေတိုးလာစေရန်စသည့် ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း၊ သင်တန်းသားများအနေဖြင့် အုန်းအမာခွံလက်မှုထည်ထုတ်လုပ်မှုနည်းပညာသင်တန်းကို အလေးထား သင်ယူလေ့လာကြရန်နှင့် မိမိတို့ ရုံးဌာနအသီးသီးသို့ ပြန်လည်ရောက်ရှိသည့်အခါတွင် စဉ်ဆက်မပြတ် လေ့ကျင့်ကြရန် လိုအပ်မည်ဖြစ်ပါကြောင်း  ပြောကြားခဲ့ပါသည်။

          အဆိုပါ သင်တန်းတွင် ရုံးချုပ်၊ တိုင်းဒေသကြီး/ပြည်နယ်များမှ သင်တန်းသား (၁၈)ဦးအား အုန်းအမာခွံဖြင့် မီးအိမ်၊ ဖုန်းထည့်အိတ်၊ စားပွဲတင်ဘောပင်စိုက်စင်၊ Keychain၊ Photo Frame၊ ဇွန်းခရင်း၊ ဝိုင်ခွက်၊ ရေခွက်၊ ဆံညှပ်၊ ဘီးကုပ် နှင့် ကြယ်သီးအမျိုးမျိုး ပြုလုပ်နည်းများကို (၁၅-၂-၂၀၂၃) မှ (၂၄-၂-၂၀၂၃) ရက်နေ့အထိ (၁၀)ကြာ စာတွေ့ လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm