Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မြိတ်မြို့နယ်ရှိ ကျေးရွာအဝင် သံကူကွန်ကရစ်တံတားနှင့် ကွန်ကရစ်လမ်းဆောင်ရွက်မည့် ကျေးရွာချင်းဆက်လမ်းအား ကြည့်ရှုစစ်ဆေး


14 Aug,2026

မြိတ် ဩဂုတ် ၁၂

             တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ဆောင်ရွက်ပြီးစီးခဲ့သည့် ကျေးရွာအဝင်သံကူကွန်ကရစ်တံတားနှင့် ကွန်ကရစ်လမ်းဆောင်ရွက်မည့် ကျေးရွာချင်းဆက်လမ်းအား ယနေ့နံနက်ပိုင်းက ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ အင်ဂျင်နီယာချုပ် ဦးထွန်းဝေ၊ တိုင်းဒေသကြီး ညွှန်ကြားရေးမှူး(မြို့ပြ) နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးကြသည်။

              ကွင်းဆင်းစစ်ဆေးရာတွင် အင်ဂျင်နီယာချုပ်နှင့် တာဝန်ရှိသူများသည် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်ပြီးစီးခဲ့သော စလွန်းကျေးရွာအဝင်လမ်းပေါ်ရှိ Box Culvert တစ်စင်းနှင့် ရှမ်းတောင်-စလွန်းလမ်းပေါ်ရှိ အလျား ၁၀ ပေ၊ အကျယ် ၂၄ ပေ တံတားတစ်စင်းကို ဒေသခံများနှင့်အတူ ကြည့်ရှုစစ်ဆေးသည်။

              ထို့နောက် တိုင်းဒေသကြီးရန်ပုံငွေဖြင့် ကွန်ကရစ်လမ်းဆောင်ရွက်မည့် ကျေးရွာချင်းဆက်လမ်းဖြစ်သော ရှမ်းတောင်-စလွန်းလမ်းတွင် ကွန်ကရစ်လမ်း ခင်းခြင်းလုပ်ငန်း၏ အကြိုအင်ဂျင်နီယာလုပ်ငန်းများ ဆောင်ရွက်နေမှုကို သွားရောက်စစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

ခိုင်ထူး(ပြန်/ဆက်)


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်